ရှက်ကြောပြတ်နေတဲ့မိန်းမပျက်

မြစ်ကြီးနားမနက်မိုးလင်းတဲ့အခါရှူနေရတဲ့လေမှာကိုယ့်အသက်ဓာတ်ပါသလားကိုယ့်ခေါင်းကို အခါခါ ပြန်စမ်းနေရတယ်။ ငါ့သူငယ်ချင်းကပြောသလိုသူ့နှမလင်နောက်လိုက်လို့ပြေးလွှားနေရသလိုမျိုး။ ကားတွေလူတွေမော်တော်ဆိုင်ကယ်တွေစက်တပ်ယာဉ်တွေဘယ်တော့မှ မယဉ်ကျေးတဲ့မြို့ လာမလည်ချင်စမ်းပါနဲ့ငရဲမှာဝဋ်ခံနေရသလိုဘာမှမဖြစ်ရင် ဘာမှမဖြစ်တဲ့မြို့ကြီးမှာဧည့်ဝတ်မကျေမှာစိုးပါတယ်သေမင်းခံတွင်းဝကလူတွေဟာငါတို့မြို့သူမြို့သားတွေပဲသူငယ်ချင်းပြောလက်စစကားတွေမကုန်ဆုံးမီရွာနေတဲ့မိုးတို့ မတိတ်မီဈေးခြင်းတောင်းကို မဖွင့်မီအိမ်ရှေ့တံခါးကို မဖွင့်မီကျောင်းတံခါးဝမရောက်မီလမ်းဖြတ်မကူးမီနောက်ကျောကိုထောက်ထားတဲ့ဓားတွေမျက်နှာကိုဖြတ်ခုတ်လာတဲ့ဓါးတွေခင်ဗျားဗိုက်ထဲအူဘယ်နှခွေရှိမလဲဓားတွေဟာ ခွဲစိတ်ခန်းမရောက်မီဖွင့်ဆိုပါလိမ့်မယ်။ အမြန်လမ်းမကြီးပေါ်မှာမမြန်ချင်စမ်းပါနဲ့ခေတ်ကာလက၀န်ကတော်လည်းကာယအိနြေ္ဒပျက်သွားနိုင်ပါတယ်။ မယုံဘူးလားမြစ်ကြီးနားမှာ ခင်ဗျားဖျားသွားနိုင်ပါတယ်။ပုဆိုးလှန် ဇစ်ဆွဲပြခံနေရတဲ့တရားဥပဒေစိုးမိုးရေးဟာဘယ်တော့မှ နာလန်မထူနိုင်တော့မယ့် တောရပ်မြို့ပြဆန်ချင်ပြီး မြို့ပြမဆန်တတ်တဲ့မြို့မြို့ခံကိုလည်း အားနာတယ်။မိတ်ဆွေကိုလည်းအားနာတယ်ငြိမ်းချမ်းရေးစကားဝိုင်းတွေလည်း အားနာတယ်ဟော့ဒီမြို့ကြီးပြကြီးရဲ့ရှက်ကြောပြတ်နေတဲ့မိန်းမပျက်ဟာတရားဥပဒေစိုးမိုးရေးပဲ မယုံဘူးလားနေ့ခင်းကြောင်တောင်မှာဒီမြို့ပြရဲ့ ညနက်သန်းခေါင်မှာလုံခြုံရေးမပါဘဲ လမ်းသလားကြည့်နိုင်ပါတယ်။  ၁။အဲဒီလို တုတ်ထိုးအိုးပေါက်ရေးဖူးတယ်ဗျ။ မြစ်ကြီးနားအကြောင်း ကဗျာရေးရတာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေရသလိုပဲဗျ။ တကယ်တော့...

Follow us

499,225FansLike