covid-19 procedures

တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၄

0
  တုတ်ထိုး- ပုဂ္ဂလောပုရိသာဇညော၊နသောသဗ္ဗတ္ထဇယတိ၊ ယတ္တသောဇယတေပေါသော၊တံကုလံသုခမေဓတိ။ ယောကျားအာဇာနည်ဟူသည်နေရာဒေသတိုင်း၌အခါ ခပ်သိမ်းမပေါ်ပေါက်။အကြင်အရပ်၊အကြင်နိုင်ငံ၌ မတစ်ထောင်တစ်ကောင်ဖွားအာဇာနည်ပေါ်ပေါက်ခဲ့သော် ထိုဒေသ၊ထိုနိုင်ငံမျိုးတို့မှာအဖိုးတန်အကျိုးအနန္တခံစား ရလေသည်။ အိုးပေါက်- သာဓု၊သာဓု၊သာဓု။မှတ်သားထိုက်ပါပေတယ်။ ဗဟုသုတပြည့်ဝလှပါပေတယ်။   တုတ်ထိုး- သိပ်အထ...

တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၆

0
တုတ်ထိုး - တောခုတ်တဲ့သူက တောခုတ်၊ တောင်ဖြိုတဲ့သူကတောင်ဖြို။ စံရတော့ သင်း(ဒင်း)တို့။ ခံရတော့ ငါတို့ပါတကား။ အိုးပေါက် - ဘာတွေညည်းနေတာလဲဗျာ။ တုတ်ထိုး - ဘေးဒုက္ခတွေ ဝိုင်းဝိုင်းလည်နေတဲ့ပြည်သူတွေအတွက် စိတ်မကောင်း ဖြစ်နေမိတာပါဗျာ။ အိုးပေါက် - ဒီလို ပြည်သူတွေ ဒုက္ခရောက်နေလို့ စစ်သားတွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေက ရေဘေးဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် အုတ်တစ်ချပ်၊ သဲတ...

တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၇

0
တုတ်ထိုး - ရေဘေးကကြုံ၊ မြေကပြို၊ တောင်ကပြို၊ ဒီကြားထဲစစ်ပွဲတွေက ဖွဲမီးလို တငွေ့ငွေ့။ ပြည်သူတွေမှာကျစရာ မျက်ရည်တောင် ရှိသေးလားမသိတော့ပါဘူးဗျာ။ အိုးပေါက် - သာမန်ပြည်သူတွေမှာ ဘေးဒုက္ခအမျိုးမျိုးနဲ့ ရေဘေး၊ နေဘေး၊ စစ်ဘေးတွေနဲ့ ဒုက္ခမီးအုံဝိုင်းလို့ မျက်ရည်ကျရတာက နားလည်ပေးလို့ ရသေးတယ်။ ဇေကမ္ဘာဦးခင်ရွှေတို့လို လူတွေကိုယ်တိုင် မျက်ရည်တောက်တောက်ကျနေတဲ့ဘဝဆိုတော့ စဉ်းစားလို့ကို မရဘူး။ တုတ်ထိုး - သူလည်းလူ...

တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၇ ၊ အမှတ် ၆

0
တုတ်ထိုး - ဟေ့လူ၊ လက်ဆေးခဲ့သလား။ အိုးပေါက် - အခုတော့ အကျင့်ဖြစ်သွားပြီ။ အပြင်ကပြန်လာရင် လက်ဆေးတယ်။ တစ်စုံတစ်ခုကိုင်ပြီးရင်လည်း လက်ဆေးတယ်။ အိမ်သာတက်ပြီးလည်း ဆေးတယ်။ တုတ်ထိုး - ကောင်းတယ်။ အိုးပေါက် - မကောင်းတာက ကောလာဟလတွေပဲ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းတွေ ဖြန့်နေကြတာတွေ ရှိတယ်။ လူမှုကွန်ရက်တွေမှာ ကိုယ်ဖတ်မိတဲ့သတင်းတွေဟာ အမှန်လား၊ ပြည်သူလူထုကို ထိတ်လန့်စရာအဖြစ်ဖန်တီးနေတာတွ...

တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၇ ၊ အမှတ် ၇

0
တုတ်ထိုး - ရပ်။ အကုန်ရပ်။ အိုးပေါက် - ဟဲ့။ လက်ထဲမှာလည်း ကတ်ကြေးသုံးလက်နဲ့ဖယောင်းတိုင်နဲ့။ အောင်မယ် ပြာတစ်ဆုပ်နဲ့။ ကြည့်စမ်း။ တမာရွက်တွေက ပါသေးရဲ့။ တုတ်ထိုး - အဟဲ၊ ကပ်ကြီးသုံးပါး ကျော်လွှားသွားနိုင်ဖို့ယတြာချေမလို့။ အိုးပေါက် - ကပ်ကြီးသုံးပါးနဲ့ ကတ်ကြေးသုံးလက်။ ဘာမှလည်း မဆိုင်ဘူး။ ဘုရားမှာ ဆွမ်းတော်ကပ်၊ ပန်းတော်ကပ်၊ရေတော်ကပ်ဆိုရင် တော်သေးရဲ့။ အခုဟာက ဘယ့်နှယ်ကတ်ကြေးသုံးလက်တဲ့။ နေပါဦး ပြာတွေက ဘာ...