မတ်၂၀

မိုးညှင်းမြို့နယ်အတွင်း ယနေ့နံနက် က ဘုရားဖူးယာဉ် တစ်စီးတိမ်းမှောက်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာဆိုင်းတောင်ကျေးရွာနေ ဦး….၏သား အသက်၁နှစ်၃လ….ဖြစ် ပြီးဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက် နေ အသက်၄၂နှစ်ရှိ နေမျိုးဦး ဆိုသူမောင်းနင်လာသောကား တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဘုရားဖူးခရီးသည် က လေး၃ ဦး ၊အမျိုးသမီး၅ဦး ၊အမျိုးသား ၆ဦး ၊ လိုက်ပါလာ သည့် ဖားကန့်မြို့နယ် ရွှေညီအစ်ကိုအသင်းဝင် 3N-5924 ကားတစ်စီးသည် အင်းတော်မြို့ ရှိ ဇလုံတောင် ဘုရားဖူးပြီး အင်းတော်မြို့ဘက်မှ မိုးညှင်းမြို့ဘက်အပြန် မော်ဟန်ကျေးရွာအနီး ပြည်ထောင်စုကားလမ်းမပေါ်မိုင်တိုင်အမှတ် 180/7နှင့်181/0အကြား လွဲခမ်းတောင်အတက်တွင် အရှိန်မထိန်းနိုင်သဖြင့်လမ်း၏ဘယ်ဘက်သို့လဲကျတိမ်းမှောက်ခဲ့ ကြောင်းသိရသည်။

အဆိုပါကားတွင် ပါရှိ သူ ၁၄ ဦးအနက် မရှိဘဲကလေးငယ် မောင်…..ဆိုသူမှာနာခေါင်းသွေးထွက်ဒဏ်ရာဖြင့်အခင်းဖြစ်သည့်နေရာတွင်သေဆုံးခဲ့ပြီး ကျန် ၁၀ ဦးတို့မှာမိုးညှင်းပြည်သူ့ဆေးရုံကြီး၌အတွင်းလူနာအဖြစ်ဆေးကုသနေကြ ကြောင်းသိရသည်

ယာဉ်ကိုလူသေသည်အထိ မဆင်မခြင်မောင်းနှင် ခဲ့မှုနှင့် ဦးနေမျိုးဦးကို ယာဉ်(ပ)၈ ၊ရာဇသတ်ကြီးပုဒ်မ -၃၀၄ က/၃၃၈ /၃၃၇ ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းမိုးညှင်းမြို့မရဲစခန်းမှသိရသည်။

ထွန်းထွန်း(မိုးညှင်း)