ဧပြီ ၈
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို ယနေ့ ဧပြီလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အထူးအစည်းအဝေးတွင် ကြယ်ပွင့်ပြထားသည့် မေးခွန်း ၇ ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းများက ဖြေခြင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ယင်းအစည်းအဝေး၌ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅၃ ဦးရှိသည့်အနက် ၅၀ ဦးတို့က တက်ရောက်ခဲ့ကြသည်။ ဒုတိယနေ့ ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို ဧပြီလ ၉ ရက်နေ့တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

Photo – Salai