ဧပြီ ၂၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ပြစ်ဒဏ်လွတ်ငြိမ်သက်သာခွင့် အမိန့်ဖြင့် ယနေ့ ဧပြီလ ၂၆ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားအကျဉ်းသူ/သား ၆၉၄၈ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသူ/သား ၁၃၆၀ ဦးလွတ်ငြိမ်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါလွတ်ငြိမ်းသက်သာခွင့်တွင် တိုက်ပွဲများကြောင့် ပိတ်မိစစ်ရှောင်ပြည်သူများ လွတ်မြောက်လာရေးအတွက် ဆန္ဒပြဦးဆောင်ခဲ့သူ ကချင်လူငယ် ကိုဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့လည်းပါဝင်ခဲ့သည်။

ယနေ့မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့်လွတ်မြောက်လာမှုတွင် မူးယစ်မှု ပုဒ်မ ၁၅ ၊၁၆ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် အကျဉ်းသူ/သား အများဆုံး လွတ်မြောက်ခဲ့သည်။

Photo – Salai