nding-ah-ja

ဥပမာအားဖြင့် မူးယစ်သုံးစွဲပုဒ်မ ၁၅ ကို ဖျက်သိမ်းပြီးသားပဲ။ အစိုးရက ပြဌာန်းထားပြီးသားပဲ။ အဲ့တော့ ဥပဒေတစ်ခုဟာ နိုင်ငံတော်က ပြဌာန်းရင် နိုင်ငံတော်၊ နိုင်ငံသားတွေက တစ်ပြေးညီခံစားခွင့်ရှိရမယ်။ ပုဒ်မ ၁၅ ဖျက်သိမ်းပြီးသော်လည်း ၁၅ ပုဒ်မနဲ့ ပြစ်ဒဏ်ကို ဆက်လက်ခံယူနေရတဲ့ လူတွေက ထောင်ထဲမှာ အများကြီးလေ။ နောက်တစ်ချက် ၁၆ (ဂ)၊ လက်ဝယ်ထားရှိမှုဆိုတာက သတ်မှတ်မှု ဂရမ်က ၃ ဂရမ်၊ ၃ ဂရမ်ဆိုပေမယ့် အခုက ဝ.၀၀၁ ဂရမ်တို့ တစ်မှုန်လောက်နဲ့ ရဲကဖမ်းချင်တာကိုး။ အခုလည်း အချုပ်မှာ အမှုရင်ဆိုင်နေတဲ့လူကလည်း ရှိနေသေးတယ်ဆိုတော့ တစ်မှုန်နှစ်မှုန်လောက်နဲ့လည်း တင်တော့ ဥပဒေအကြံပြုကလည်း ဒါကို၁၆(ဂ)နဲ့ တရားစွဲဆိုသင့်ပါတယ်ဆိုပြီး ရုံးတော်ကိုတင် တရားသူကြီးကလည်း ပိုက်ဆံမပေးနိုင်ရင် မပေးသလိုပဲ သုံးစွဲတဲ့သူက တစ်မှုန်လောက်နဲ့လည်း၅ နှစ် ၆ နှစ် ကျတာပဲ။

အဲ့ဒီတော့ ဟုတ်ပါပြီ။ လွှတ်ပေးပါပြီ။ ၁၅၊ ၁၆လွှတ်ပေးတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်မှာ ၁၅၊ ၁၆ လွှတ်တဲ့ထဲမှာ ပါသွားတယ်။ ဒါပေမဲ့ အခုဘာပြန်ဖြစ်သလဲဆိုတော့ ၁၅၊ ၁၆ Syring (ဆေးထိုးအပ်)ကိုင်ဆောင်မှု (ယစ်မျိုးအက်) ၃၃၊ ဘိန်းစားကတော့ ဆေးထိုးအပ်တော့ ကိုင်မှာပေါ့။ ဆိုတော့ ရဲက ပိုက်ဆံမပေးနိုင်တော့ ဆေးထိုးအပ် တွဲထည့်ပေးလိုက်တယ်။ တရားသူကြီးကလည်း ပိုက်ဆံပေးနိုင်တော့ ဆေးထိုးအပ်နဲ့ တစ်လတန်သည် ချပေးလိုက်တယ်။ ၁၅၊ ၁၆(ဂ) လွှတ်ပြီးသား ပုဒ်မ၊ နိုင်ငံတော်ကနေ လွှတ်ပေးပြီးသား ဖြစ်နေသော်လည်း အဲ့ဒီ ၃၃ ဆိုတဲ့ ဆေးထိုးအပ်နဲ့ တန်းလန်း ကျန်ခဲ့တဲ့ကောင်က ရှိတယ်။

နောက်တစ်ချက် ဖမ်းဆီးတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးတဲ့အခါ ဆိုင်ကယ်သော်လည်းကောင်း၊ ကားသော်လည်းကောင်း ပါပြီးသားပဲ။ ပါပြီဆိုမှတော့ Without ပေါ့ဗျာ။ ပိုက်ဆံပေးနိုင်တဲ့သူက Without မှု မကျဘူးလေ။ မပေးနိုင်တဲ့သူကျတော့ ၁၅၊ ၁၆(ဂ)နဲ့ ဘာထည့်ထားပေးလဲဆိုတော့ Without မှုနဲ့ပတ်သက်တဲ့ ပုဒ်မ(၈) တွဲထားပေးတယ်ဗျာ။ ဆိုတော့ ပုဒ်မ ၁၅၊ ၁၆ (ဂ) တွဲတဲ့ကောင်တွေက ကျန်ခဲ့ပြန်ရော။ ဟုတ်ပါပြီ ပထမအကြိမ်၊ ဒုတိယကြိမ်မှာ လွတ်တယ် ၂၁ အမှုတွဲ၊ အမှုတွဲဆိုတာက နိုင်ငံတော် သမ္မတက ဥပဒေနားလည်တာ ဖြစ်တဲ့အတွက် သူက သိပါလိမ့်မယ်။ ၂၁ ဆိုတာက ဖော်ချက်ကြောင့်လည်း ဖြစ်တယ်။ ဖော်တာက အမြင်ကပ်လို့ဖော်လို့ တွဲသွားတဲ့ကောင်လည်း ရှိမယ်လေ။ ဘာပဲဖြစ်ဖြစ် ၂၁ ကတော့ မရှိသင့်ဘူးဆိုပြီးမှ ၂၁ လွတ်ပေးတာပေါ့ ၁၉၊ ၂၁ လိုမျိုး၊ ၁၅၊ ၁၆(ဂ)၊ ၂၁ လိုမျိုး လူတွေကလွှတ်ပေးတယ်။ ဒါပေမဲ့ ခုမြစ်ကြီးနားထောင်မှာက ၂၁ တွေ ရှိနေသေးတယ်။

နောက်တစ်ချက် ခုနပြောတဲ့ ပုဒ်မ ၁၅ က ပြစ်ဒဏ်ခံယူမှုက မြစ်ကြီးနားမှာဘယ်လိုခံယူမှုနဲ့ ရှိနေလဲ။ ၁၅၊၁၆(ဂ) အခြားသောအမှုနဲ့ တွဲတဲ့ဟာ ခိုးမှု၊ လက်နက်ကိုင်ဆောင်မှု ဓားတို့ ဘာတို့ပေါ့ အဲ့လိုမျိုးနဲ့ တွဲတဲ့ကောင်တွေ ကျန်နေသေးတယ်။ ရောင်းဝယ်ဖောက်ကား သမားကလည်း နဂို ကတည်းကနေ ပုဒ်မ ၁၅ ကို ဖျက်သိမ်းပေးတယ်ဆိုရင် ဒီနေ့လို ဆူပူမှုလည်း ဖြစ်မှာမဟုတ်ဘူး အခု ၁၅၊ ၁၉ တွေကလည်းအများကြီး ရှိနေသေးတယ်။ အဓိကကတော့ ဒါပါပဲ။ နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်၏ အဓိကပြဿနာသည် လွတ်ငြိမ်းသက်သာဆိုတဲ့နေရာမှာ သမ္မတရဲ့ မိန့်ခွန်းကတော့ ဖြောင့်တန်း ပါလိမ့်မယ်။ သို့သော်လည်း ဒီဘက်မှာ စိစစ်မှုပိုင်းဆိုင်ရာမှာ အားနည်းတဲ့ကဏ္ဍ အပိုင်းတွေကြောင့်ပဲ ဒီလိုကျန်ရှိသွားတဲ့သူတွေ အကျဉ်းထောင်အသီးသီးမှာ များတဲ့အချိန်ကျတော့၊ နိုင်ငံတော်လွတ်ငြိမ်း သက်သာခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး ခံစားချက်အပေါ်မှာ အခြေပြုပြီးမှ အကျဉ်းထောင်တွေ အသီးသီး လှိုက်စားပြီး ဒါဖြစ်လာတာပါ။ အဖြေက အဲ့ဒါပါပဲ ။

Salai