ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာရှိ စိန်ပေါလ်ကက်သလစ် ဘုရားကျောင်းတွင် နေရပ်ပြန် ကျောင်းသူ/သားများ နေထိုင်ရန် ဖွင့်လှစ်မည့် ဘော်ဒါဆောင်ဆောက်လုပ်ရန်အတွက် အထောက်အပံ့များ လိုအပ်နေသေးကြောင်း သိရသည်။

အဆိုပါ ဘော်ဒါဆောင်တွင် ကျောင်းသူ/သားများကို စတင်လက်ခံနေပြီ ဖြစ်သော်လည်း ၎င်းတို့နေထိုင်ရန် အဆောင်မရှိသေးသောကြောင့် ယာယီအနေဖြင့် ဘုရားကျောင်းနှင့် ဂိုဒေါင်များတွင် နေရာချပေးထားကြောင်း ကက်သလစ် ဘုန်းတော်ကြီး Joseph Gawlu Yung Wa ထံမှသိရသည်။

လက်ရှိချိန်၌ လာရောက်အပ်နှံသည့်
ကျောင်းသူ/သားဦးရေမှာ (၈၀)ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့နေထိုင်ရန် အဆောင်အတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီစေလိုကြောင်း Father Gawlu Yung Wa က မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

“ငွေကြေးပဲမဟုတ်ဘဲနဲ့ ဘိလပ်တို့၊ သံတို့ပေါ့။ ကိုယ်တတ်နိုင်တဲ့ အားနဲ့ကူညီစေချင်ပါတယ်။´´ဟု Fatherက ပြောသည်။

လက်ရှိတွင် အဆောက်လုပ်ရန် ရံပုံငွေ သိန်း၁၀၀ ကျပ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး ယင်းဘော်ဒါဆောင် ဆောက်လုပ်ရန် ကုန်ကျစရိတ် စုစုပေါင်း သိန်း ၅၀၀ ကျပ်ဝန်းကျင် ခန့်မှန်းထားကြောင်း သိရသည်။

ယင်းကျောင်းသည် တိုက်ပွဲကြောင့် ၈နှစ်ကြာ ပြီးမှ ပြန်ဖွင့်မည့်ကြောင်းသည်။

Ah Je/Benadeth