ဇွန် ၁၀
မိုးကောင်းမြို့နယ် မရမ်းကျေးရွာတွင် တွင်းရေများခမ်းခြောက်ကာ သောက်သုံးရေအခက်ခဲမှုပြဿနာ နဲ့ ဒေသခံပြည်သူများကြုံတွေ့နေရကြောင်း သိရသည်။

မိုးရွာသွန်းမှုနောက်ကျခြင်းကြောင့် တွင်းရေများခမ်းခြောက်ကာ ယခုကဲ့သို့ သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်နေသည်ဟုလည်း မြန်မာနိုင်ငံ လူမှု့ကယ်ဆယ်ရေးအဖွဲ့ ( ကချင်ပြည်နယ်)မှ ဥက္ကဌ ဦးညီညီထွေး (ခ) ဦးဂျပ်မုန်ဒွဲလ ကပြောသည်။

“မိုးနောက်ကျတယ်လို့ ပြောကြတာပဲ တစ်စက်မှမကျန်အောင်ခမ်းတယ် ၊ တစ်ပတ်လောက်ရှိပြီ အကိုတို့ နေ့တိုင်းရေသန့်သွာပို့ပေးနေတယ် ၊ မိုးရွာလည်း ရေးမတက်သေးဘူး ၊ ရေတွေအကုန်နောက်နေတယ် ချိုးရေတောင်မရဘူး မီးသတ်ကားနဲ့ရေကန်ထဲထည့်ထားပေးရတယ် “ဟု ဦးညီညီထွေး (ခ) ဦးဂျပ်မုန်ဒွဲလ ကပြောသည်။

ထို့သို့ဖြစ်ပေါ်နေခြင်းကို ၎င်းတို့ လူမှုကယ်ဆယ်ရေးအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ရှိ သက်စမ်းရေ ၊ TAKE ၊တိုကျို ၊GRACE 40 စသည့် ရေသန့်စက်ရုံများမှ အလှူခံကာ ကူညီထောက်ပံ့ပေးလျက်ရှိနေကြောင်းလည်း ၎င်းကရှင်းပြပြောဆိုသည်။

ထို့အပြင် မိုးကောင်းမြို့နယ် နမ္မတီး၊ ကျေးရွာအချို့တွင်လည်း တွင်းရေများ ခမ်းခြောက်မှု ဖြစ်ပေါ်လျက်ရှိနေသည်ဟုသိရသည်။

Salai