ဇူလိုင် ၁၇

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပူးပေါင်းကော်မတီမှ ပြုစုထားသည့် အရင်ခံစာအ ပေါ်ထောက်ခံ ပွဲကို ဖားကန့်မြို့နယ်တွင် ဇူလိုင်လ ၁၇ ရက်နေ့က လူအင်အား သုံးရာခန့်ဖြင့် ပြုလုပ်ကျင်းပခဲ့သည်။

ယင်းထောက်ခံပွဲကို ၂၀ဝ၈ ခြေ/ဥ ပြင်ဆင်ရေးအတွက် တက်ကြွကလှုပ်ရှားသည့် ပြည်သူလူထုက ပြု လုပ် ခဲ့ခြင်းဖြစ်ပြီး ဗီနိုင်းများ ကိုင် ဆောင်ကာ ဖားကန့်မြို့နယ်အတွင်း လှည့်လည်ဟစ် ြွေကးခဲ့ကြသည်။စီတန်း လှည့်လည်ရာတွင် ၂၀ဝ၈ အခြေခံ ဥပဒေပြင်ဆင်ရေး တို့အရေး၊ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည့် ၂၀ဝ၈ ခြေ/ဥပြင်ဆင် ရေးအား ပြည်သူလူ ထုမှ အပြည့်အဝ ထောက်ခံပါသည်။ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းမည့် ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်ပါစေ စသည့် ပိုစတာဗီနိုင်းများ ကိုင်ဆောင်ခဲ့ကြသည်။

“ဒါက ပြင်သင့်တဲ့အရာကြီးလို့ထင်လို့ ဒီလို ထောက်ခံတာပါ။လူတစ်စုအတွက်ပဲရည်ရွယ်ပြီးပြဋ္ဌာန်းထား တဲ့  ပြည်သူလူထု အားလုံးအတွက် မဟုတ်တဲ့ ဒီဥပဒေကြီး ကို ပြင်နိုင်မှ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစစ်စစ်ကို ရနိုင်မှာပါ။ ဒါ့ကြောင့်ပါဝင်တာပါ” ဟု ဦးဆောင်လှုပ်ရှားသူ ကိုကျော်သူရအောင်မှ ပြောသည်။ယင်းအပြင် ဦးဆောင်သူ ဦးမျိုးဝင်းမှလည်း ပြည်သူလူထု ရွေးချယ်တင်မျြောက် ထားသည့် နားလည်တတ် ကျွမ်းသည့် ဥပဒေပြုရေး လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြမည့်အတွက် ထောက်ခံပွဲ လုပ်ရခြင်းဖြစ်ကြောင်း၊ ပြင်ဆင်ရမည့် ဥပဒေဖြစ်သည့်အတွက် ဝန်းရံရခြင်းဖြစ်ကြောင်း ထပ်ဆင် ပြောကြားခဲ့သည်။

အထက်ပါ အစီရင်ခံစာ တင်သွင်းမည့် အစီအစဉ်ကို ကို ဇူလိုင်လ ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်သည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးအပြီးတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ယခု ကျင်းပပြုလုပ်နေသည့် ပြည်ထောင်စုလွှတ်တော် ၁၃ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အစိုးရဘတ်ဂျက် အတည်ပြုနိုင်ရေး စသည့် ကိစၥရပ်များကို ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရပြီး ယင်းအစီရင်ခံစာသည်ပါတီ အလိုက် အဖွဲ့အစည်းအလိုက် ပြင်ဆင်လိုသည့် အချက်များ စုစည်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စည်သူ(မြစ်ကြီးနား)