တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၄
တုတ်ထိုး- ပုဂ္ဂလောပုရိသာဇညော၊နသောသဗ္ဗတ္ထဇယတိ၊
ယတ္တသောဇယတေပေါသော၊တံကုလံသုခမေဓတိ။
ယောကျားအာဇာနည်ဟူသည်နေရာဒေသတိုင်း၌အခါ
ခပ်သိမ်းမပေါ်ပေါက်။အကြင်အရပ်၊အကြင်နိုင်ငံ၌
မတစ်ထောင်တစ်ကောင်ဖွားအာဇာနည်ပေါ်ပေါက်ခဲ့သော်
ထိုဒေသ၊ထိုနိုင်ငံမျိုးတို့မှာအဖိုးတန်အကျိုးအနန္တခံစား
ရလေသည်။
အိုးပေါက်- သာဓု၊သာဓု၊သာဓု။မှတ်သားထိုက်ပါပေတယ်။
ဗဟုသုတပြည့်ဝလှပါပေတယ်။
တုတ်ထိုး- သိပ်အထ...
တုတ်ထိုးအိုးပေါက် ဂျာနယ်စကားဝိုင်း
တုတ်ထိုး - ရပ်စဲသူတွေကိုရပ်စဲ၊ နုတ်ထွက်တဲ့သူက နုတ်ထွက်။ လော်ဘီလုပ်တဲ့သူတွေကလည်း သူ့ပါတီကိုယ့်ပါတီ ဆက်ပြီး လော်ဘီလုပ်နေကြ။ ကျေးဇူးရှင်တရုတ်က ထအော်၊ ပြည်တွင်းစစ်က မီးခိုးကြွက်လျှောက်၊ သစ္စာဖောက်တဲ့လူက သစ္စာဖောက်၊ အသားထဲကထွက်တဲ့ လောက်တွေကလည်း တဖွားဖွား၊ ကိုယ်တင်ပေးလိုက်တဲ့သူတွေ အသုံးမကျလို့ တက်ခေါက်တဲ့လူက တက်ခေါက်။ နောက်တစ်ခါ မဲမပေးဘူးလို့ အော်တဲ့လူကအော်။ ဒီကြားထဲနိုင်ငံတော်ကနေ ခွဲထွက်ပြီးနိုင်ငံတည်ထ...
တုတ်ထိုးအိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ (၇)၊ အမှတ် ၃
တုတ်ထိုး - ကျွတ်.. ကျွတ်.. ကျွတ်။
အိုးပေါက် - တကျွတ်ကျွတ်နဲ့ ခါးတွေနားနေတာလား။
တုတ်ထိုး - ဘယ်က ခါးနာရမှာတုန်း။ ကမ္ဘာကြီးအတွက်စုတ်သပ်နေတာ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးတွေကနေ ကမ္ဘာကြီး လွတ်မြောက်နိုင်ပါ့မလားလို့ စိုးရိမ်နေမိတာပါဗျာ။ ကမ္ဘာကြိး နာဖျားနေတာအတွက် စိုးရိမ်နေမိသလို ကိုယ့်မြန်မာအတွက်လည်း စိုးထိတ်နေရတာပါပဲ။
အိုးပေါက် - ဒီကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်-မြန်မာဆက်ဆံရေး ဘာတွေဖြစ်နိုင်မလဲဗျ...
တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၇ ၊ အမှတ် ၆
တုတ်ထိုး - ဟေ့လူ၊ လက်ဆေးခဲ့သလား။
အိုးပေါက် - အခုတော့ အကျင့်ဖြစ်သွားပြီ။ အပြင်ကပြန်လာရင် လက်ဆေးတယ်။ တစ်စုံတစ်ခုကိုင်ပြီးရင်လည်း လက်ဆေးတယ်။ အိမ်သာတက်ပြီးလည်း ဆေးတယ်။
တုတ်ထိုး - ကောင်းတယ်။
အိုးပေါက် - မကောင်းတာက ကောလာဟလတွေပဲ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းတွေ ဖြန့်နေကြတာတွေ ရှိတယ်။ လူမှုကွန်ရက်တွေမှာ ကိုယ်ဖတ်မိတဲ့သတင်းတွေဟာ အမှန်လား၊ ပြည်သူလူထုကို ထိတ်လန့်စရာအဖြစ်ဖန်တီးနေတာတွ...
တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၇ ၊ အမှတ် ၇
တုတ်ထိုး - ရပ်။ အကုန်ရပ်။
အိုးပေါက် - ဟဲ့။ လက်ထဲမှာလည်း ကတ်ကြေးသုံးလက်နဲ့ဖယောင်းတိုင်နဲ့။ အောင်မယ် ပြာတစ်ဆုပ်နဲ့။ ကြည့်စမ်း။ တမာရွက်တွေက ပါသေးရဲ့။
တုတ်ထိုး - အဟဲ၊ ကပ်ကြီးသုံးပါး ကျော်လွှားသွားနိုင်ဖို့ယတြာချေမလို့။
အိုးပေါက် - ကပ်ကြီးသုံးပါးနဲ့ ကတ်ကြေးသုံးလက်။ ဘာမှလည်း မဆိုင်ဘူး။ ဘုရားမှာ ဆွမ်းတော်ကပ်၊ ပန်းတော်ကပ်၊ရေတော်ကပ်ဆိုရင် တော်သေးရဲ့။ အခုဟာက ဘယ့်နှယ်ကတ်ကြေးသုံးလက်တဲ့။ နေပါဦး ပြာတွေက ဘာ...