covid-19 procedures

တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၇

0
တုတ်ထိုး - ရေဘေးကကြုံ၊ မြေကပြို၊ တောင်ကပြို၊ ဒီကြားထဲစစ်ပွဲတွေက ဖွဲမီးလို တငွေ့ငွေ့။ ပြည်သူတွေမှာကျစရာ မျက်ရည်တောင် ရှိသေးလားမသိတော့ပါဘူးဗျာ။ အိုးပေါက် - သာမန်ပြည်သူတွေမှာ ဘေးဒုက္ခအမျိုးမျိုးနဲ့ ရေဘေး၊ နေဘေး၊ စစ်ဘေးတွေနဲ့ ဒုက္ခမီးအုံဝိုင်းလို့ မျက်ရည်ကျရတာက နားလည်ပေးလို့ ရသေးတယ်။ ဇေကမ္ဘာဦးခင်ရွှေတို့လို လူတွေကိုယ်တိုင် မျက်ရည်တောက်တောက်ကျနေတဲ့ဘဝဆိုတော့ စဉ်းစားလို့ကို မရဘူး။ တုတ်ထိုး - သူလည်းလူ...