ဝိုင်းမော်မြို့နယ်၊နန့်ဝါကျေးရွာရှိ ဒေသခံတောင်သူ ၇ ဦးအား တစ်သျှူးငှက်ပျောပင်များအား ဖျက်ဆီးသည်ဟုဆိုကာ ထောင်ဒဏ် ၆လ သို့မဟုတ် ငွေဒဏ် ၅သောင်း ပေးဆောင်ရန် ဝိုင်းမော်မြို့နယ် တရားရုံးမှ ယနေ့ အပြီးသတ် အမိန့် ချမှတ်ခဲ့သည်။

ယင်းကျေးရွာတွင် တစ်သျှူးငှက်ပျော စိုက်ပျိုးနေသည့် မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီသည် ယင်းတို့စိုက်ခင်းများအား ဖျက်ဆီးသည်ဟု ဆိုကာတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး တရားမျှတမှု မရှိကြောင်း တရားစွဲဆိုခံခဲ့ရသည့် ဒေသခံ တောင်သူဦးယိန်းကိကပြောသည်။

“သူ တို့က ကျွန်တော် တို့ကိုဖျက်ဆီးတယ်လို့ပြောတယ် ကျွန်တော်တို့ဖျက်ဆီးတာတစ်ခုမှမရှိဘူးပျိုးပင်လည်းမဖျက်ဆီးဘူး သူတို့ပြောတာအားလုံးမမှန်ဘူး” ဟုတောင်သူ ဦးယိန်းကိကပြောသည်။

တောင်သူများက ဒဏ်ငွေ ၅ သောင်းကျပ်အား ပေးဆောင်ခဲ့သည်ဟု သိရပြီး ယင်းအမှုသည် ၂၀၁၈ ခုနှစ် ဧပြီလတွင် အပြန်အလှန်စွဲဆိုခဲ့သောအမှုဖြစ်ပြီး တောင်သူများကလည်း ယင်းတို့လုပ်ကိုင်စားသောက်သည့် နေရာတွင် တစ်သျူးငှက်ပျော လာရောက်စိုက်ပျိုးခြင်းကြောင့် ပြန်လှန်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီအား မေးမြန်းခဲ့သော်လည်း ‌လက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

Ah Je