မြစ်ကြီးနားတက္ကသိုလ်

မတ်လ ၁၇
တက္ကသိုလ်စာမေးပွဲများဖြေဆိုချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်ထံမှ သိရသည်။

စာ​ဖြေဝန်းအတွင်း ကျန်းမာရေးစောင့်ရှောက်ခန်းများ ထားရှိခြင်း ၊ အခန်းစောင့်ဆရာမများကို လက်သန့်စင်ဆေးရည်များ အလုံအလောက် ထားပေး​​ခြင်း ၊ သန့်စင်ခန်းတိုင်းတွင် လက်ဆေးဆပ်ပြာရည်များ ထားပေးခြင်း နှင့် အရေးပေါ်အ​ခြေအနေများအတွက် ပို့ဆောင်ယာဥ်များ စီစဥ်ထားကြောင်း ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်း ကပြောသည်။

“စာမေးပွဲ​တွေမှာ နှစ်တိုင်း ဆရာကြီးတို့က ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုပ်ထားပေးတယ် ဒီနှစ်မှာတော့ စာမေးပွဲဖြေမယ့် သူတိုင်းကို အပူချိန်လာရောက် စစ်ဆေးပေးဖို့ ကျန်းမာရေးအဖွဲ့ကလည်း စီစဉ်ထားပေးပါတယ်” ဟု ဒေါက်တာအောင်ဝင်း ကပြောသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ အစိုးရစက်မှု လက်မှု သိပ္ပံ နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများ၏ စာမေးပွဲများအားလုံးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပေးပို့လာသော အချက်များကို မပျက်မကွက် လိုက်နာဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက မတ်လ ၁၆ရက်နေ့က ထုတ်ပြန်ထားသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် မတ်လ ၁၈ရက်နေ့မှ စပြီး ၂၅ရက်နေ့ အထိ စာမေးပွဲ ဖြေဆိုသွားမည် ဖြစ်သည်။

Ann