ဩဂုတ် ၂၉

ကချင်ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြ/ အုပ်ချုပ်သူများအား အားကစားနဲ့ကာယပညာဦးစီးဌာန မှ ရွှေ၊ ငွေ၊ ကြေး တံဆိပ်များနှင့် ဆုငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

အောင်မြင်မှုရရှိဖို့ အားထုတ်ကြိုးပမ်းခဲ့သည့် အားကစားသမားများနှင့် နည်းပြ/ အုပ်ချုပ်သူများကို ဂုဏ်ပြုသည့် အနေဖြင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူကပြောသည်။

“အောင်မြင်မှုရတဲ့အခါမှာ လုံလောက်တဲ့ထောက်ပံ့မှု၊ ချီးမြှောက်မှုမရှိရင်နောက်ပွဲတွေအတွက် အားရှိမှာမဟုတ်ဘူး။ နောက်ထပ်အောင်မြင်မှုတွေရရှိပြီး ကချင်ပြည်နယ်ဂုဏ်မြှင့်တင်နိုင်ဖို့အတွက် ချီးမြှင့်တာပါ “ ဟုဦးအောင်သူကပြောသည်။

ရွှေတံဆိပ်ဆုရအားကစားသမားများအားဆုငွေကျပ် ၂သိန်း၊ ငွေတံဆိပ်ဆုရအားကစားသမားများအား ဆုငွေကျပ် ၁သိန်းခွဲနှင့် ကြေးတံဆိပ်ဆုရအားကစားသမားများအား ဆုငွေကျပ် ၁သိန်းစီပေးအပ်ခဲ့ပြီး နည်းပြများအား ကျပ်ငွေ ၁သိန်း၊ ၇သောင်း၊ ၅သောင်းအစရှိသဖြင့် ချီးမြှင့်ခဲ့သည်။

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အောင်ပွဲရအားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် ကချင်ပြည်နယ်ဂုဏ်ဆောင် အောင်ပွဲရ အုပ်ချုပ်သူ/ နည်းပြနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအစီအစဉ် ကို ယနေ့ သြဂုတ်လ ၂၉ရက်နေ့က ပြည်နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။
Ja Doi