မြစ်ကြီးနား၊ သြဂုတ် ၂၅

ဖားကန့်မြို့နယ် အတွင်း ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများကို (၂၁)ရက် အသွားအလာ ကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ်မှ ရခိုင်လူမှုကွန်ရက် အဖွဲ့အစည်းများကို ဖားကန့်မြို့အတွင်း လာရောက်မည့်သူများ ရှိပါက အကြောင်းကြားပေးရန် တောင်းဆိုထားကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

“ရခိုင်လူမှုရေး အဖွဲ့နော်။ အဓိက ရခိုင်တွေအများဆုံး နေထိုင်တဲ့ရွာတွေထဲမှာ ရောက်သွားအောင် ဒါကိုပြောပေးပါ။ တကယ်လို့ အဲ့ဒီစစ်တွေက လူတွေ ဒီကိုဝင်ထွက်လာတာတွေ ရှိလာလို့ရှိရင် ဒါကို တာဝန်သိသိနဲ့ အကြောင်းကြားပေးဖို့ ကိစ္စတွေဘာတွေကအစ ဆောင်ရွက်ထားတာတွေရှိတယ်”ဟု ဦးတင့်စိုးကဆိုသည်။

ဖားကန့်မြို့နယ် အတွင်းရှိ ဘာသာရေးခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများ၏ တောင်းဆိုမှုများ ကြောင့် သြဂုတ်လ(၂၄)ရက်နေ့မှစတင်၍ ဖားကန့်မြို့နယ် အတွင်း Covid-19 စစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

“ဖားကန့်မှာရှိတဲ့ ကျွန်တော်တို့ ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ အားလုံးရဲ့တောင်းဆိုချက်အရ ကျွန်တော်တို့တွေ ဖားကန့်မှာ အရင်ကာလလိုပဲ ဒီ covid-19 စစ်ဆေးရေးဂိတ်ကို ပြန်ပြီးတော့မှ ထားမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့သဘောတူ ဆုံးဖြတ်ကြတယ်ပေါ။့ အဲ့ဒါကြောင့်မို့ ဒီနေ့(၂၄)ရက်နေ့မှာ ဒီဂိတ်ကိုစပြီးတော့မှ ပြန်လည်ပတ်ပြီးတော့မှ လုပ်မယ် ဆိုတာတွေတော့ တွေ့တယ်”ဟု ဦးတင့်စိုးက ရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်းမှ သံတွဲ၊ ကျောက်ဖြူ၊ မြောက်ဦး၊ စစ်တွေ အစရှိသည့် မြို့များမှ ဝင်ရောက်လာသောသူများကို အဓိကစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ (၂၄)ရက်နေ့မှစ၍ လယ်ပြင်ဂိတ်၊ ဟောင်ပါးဂိတ်၊ မကားပင်ဂိတ်၊ ဆယ်ဇင်းဂိတ်များ ဖွင့်လှစ်၍ နိုင်ငံတော်မှ Stay at Home သတ်မှတ်ထားသော ဒေသမှ လာရောက်သောသူများကို အစိုးရလမ်းညွှန်ချက်အတိုင်း Quarantine ၂ ပတ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က စပြီးတော့ လယ်ပြင်ဂိတ်ရယ်၊ ဟောင်ပါးဂိတ်ရယ်၊ ဝှေခါမကားပင်ဂိတ်၊ ပြီးရင် ဆယ်ဇင်းဂိတ်ပေါ့။ အဲဒီဂိတ်(၄)ဂိတ် ဖွင့်လှစ်ပြီးတော့ အဓိက နိုင်ငံတော်ကနေပြီးတော့ Stay at Home သတ်မှတ်ထားတဲ့ ဒေသကနေပြီးတော့မှ ခရီးသွားရာဇဝင်ကို စီစစ်ပြီးတော့ရှိရင် အစိုးရလမ်းညွှန်ချက် အတိုင်းပဲ ကျွန်တော်တို့ ဆကမေညေအငညန (၂)ပတ်ထားပါမယ်”ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးÓဏ်လင်းအောင်က ပြောသည်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာ (၂)ကြိမ်ယူ၍ စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကျန်းမာရေး စစ်ဆေးမှူးများအနေဖြင့် လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း ဝင်ထွက် သွားလာသူများ၏ ခရီးသွားရာဇဝင်များ စစ်ဆေးသွားခြင်းနှင့် Quarantine Center များ ထပ်မံပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖားကန့်ကျောက်စိမ်းတွင်းဒေသသည် ရခိုင်ဒေသမှ ရေမဆေးကျောက် လာရောက်ရှာဖွေသူ အများအပြားရှိသောမြို့ ဖြစ်သည်။

နူးနူးဂျာ