ခေါင်လန်ဖူး- ပူတာအိုသို့ ပြန်လာသည့် မဲရုံမှူး၊မဲရုံစောင့်တာဝန်ကျဆရာ၊ဆရာမများ စီးနှင်းလိုက်ပါလာသော ပါကျဲရိုးကားတစ်စီးသည် နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက ဆန်းလွတ်ချက်တောင်ထိပ်အနီး ပူတာအိုဘက်ခြမ်းတွင်ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်၍ တိမ်းမှောက်သွား​ကြောင်း သိရသည်။

 

သို့ရာတွင် ကားမောင်းသူမှ အပေါ်ဘက်ကမ်းပါးယံကိုတိုက်ပြီး ကားလမ်းပေါ်တွင်သာပက်လက်လဲကျလိုက်ခြင်း ကြောင့်‌ ကားပေါ်တွင်ပါလာသူများ ၊ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းသိရသည်။

ချောက်ကမ်းပါးသို့ အရှိန်ကျော်လွန်ပြီးကျော်ကျသွားမည်ဆိုလျှင် လွှတ်မြှောက်သူမရှိနိုင်ကြောင်းလည်း ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါ ဆန်းလွတ်ချက်တောင်ထိပ်အနီးတွင် ကားတိမ်းမှောက်မှု မကြာခဏ ဖြစ်ပွါးတတ်ပြီ လူသေဆုံးမှုလည်းရှိခဲ့ဖူးကြောင်း သိရသည်။

Joe (ပူတာအို)