ပူတာအိုမြို့တွင် ဆန္ဒပြရာ၌ပါဝင်သည့် ပြည်သူ (၉) ယောက်ဖမ်းခံရ

0
246

 

ဖေဖော်ဝါရီလ (၂၀)ရက် ည ၉နာရီခွဲအချိန်က ပူတာအိုမြို့တွင် ပြည်သူ (၉) ယောက်ဖမ်းခံရကြောင်းသိရသည်။

အဆိုပါ (၉) ယောက်ထဲမှ (၅)ဦးသည် ဖေဖော်ဝါရီ (၈)ရက်နေ့ ဆန္ဒပြရာ၌ ပါ၀င်သူ‌များ ဖြစ်သည်ဟု ပူတာအိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

” ဆန္ဒပြတာဦးဆောင်တဲ့လူဆိုပြီးမှ သူတို့လိုက်ဖမ်းတာပေါ့။ အဲ့နေ့ကတည်းက သူတို့ရှောင်နေတာ။ အဲ့ဒီ ၁ရက်ပဲပါတယ်။ ကျန်တဲ့ရက်မပါဘူး။ ရှောင်နေတဲ့နေရာကိုလိုက်ဖမ်းတာ သူတို့ကလေ။ တပ်ကဖမ်းတာ ရဲတော့မပါဘူးလို့ပြောတယ်။ အမှန်တော့ ဒီလူတွေက ဆန္ဒပြခေါင်းဆောင်တွေလည်း မဟုတ်ပါဘူး။ “ ဟု၎င်းကပြောသည်။

ထို့အပြင် ကျန်ပြည်သူ (၄)ဦးကိုလည်း အဆိုပါဆန္ဒပြရာတွင် ပါ၀င်သည့် (၅)ဦးကို လိုက်လံဖမ်းဆီးချိန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းခံရသူများမှာ ကိုဇန်ထရမ်ဆိန်း၊ ဦးဖုန်ရော့ဖီနန်၊ဦး ဖေနှောင်းအောင်၊ ဦး နန်ဟီးဆင်၊ကို အောင်ဒီး၊ကို ဆင်ဝါး ၊ကို ဖုန်ဆားရ် ၊အဂျုံ၊ မ နန်ဟီး နန်ဆားရ် တို့ဖြစ်သည်။

ဖမ်းဆီးခံထားရသူများသည် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ (၂)ခု ဖြင့် ဖမ်းဆီးခံရကြောင်း ဒေသခံတစ်ဦးက ရှင်းပြပြောဆိုသည်။

” ဘယ်သူက ဘာနဲ့ညှိတယ်ဆိုတာ တိတိကျကျတော့မသိသေးဘူး။ အခုကျွန်တော်တို့ ရှေ့နေတွေနဲ့တိုင်ပင်ပြီး သွားဖို့လုပ်နေပါတယ်။ “ ဟု ဆိုသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူများကို ပူတာအိုမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here