မိုးညှင်းမြို့မှ စစ်အာဏာရှင်ဆန့်ကျင်​ရေးလှုပ်ရှားသူအချို့ဖမ်းဆီးခံရ

0
195

ယနေ့ည ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် မိုးညှင်းမြို့ရှိ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၊ WE NEED JUSTICE စာတန်းရေးဆွဲသူလူငယ်များ က မိုးညှင်းမြို့ သာယာသော သုသာန်သင်္ချိုင်း၌ ရှောင်တိမ်းနေ​စဥ် စစ်တပ်မှသင်္ချိုင်းအားဝိုင်း၍ ဖမ်းဆီးသဖြင့် နတ်ဆရာနှင့် ကိုကျော်ကောင်းတို့နှစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်းကနဦး သိရှိရသည်။

စစ်ကောင်စီအစိုးရသည် မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌကိုဇော်ဇော်လင်းနှင့် အလွတ်တန်းသတင်းထောက်ကိုဗညားတို့ကိုလည်း COVID19ဥပဒေပုဒ်မ၂၅ဖြင့် တရားစွဲဆိုထားပြီး NLDအဖွဲ့အဝင်အချို့ကိုလည်း ပုဒ်မအမျိုးမျိုးဖြင့်တရားစွဲဆိုထားကြောင်းသိရှိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here