ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းအား ထောင်သို့ ပို့ဆောင်လိုက်ပြီဟုဆို

0
129

ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းအား မြစ်ကြီးနား အကျဉ်း
ထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

“ကျွန်မသိရသလောက်က သူ့ကိုထောင်ပို့လိုက်ကြပြီလို့ပဲကြားတယ်။ ကျန်တာ ဘာမှမသိရသေးဘူး။”ဟု ဝန်းကြီး၏ဇနီးဖြစ်သူကပြောသည်။

မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိ ဦးဒါရှီလဆိုင်း ၏နေအိမ်သို့ ရဲတပ်ဖွဲ့၀င် (၅)ဦးနှင့်အတူ အရပ်ဝတ်စုံဝတ်ထားသည့် အမျိုးသား ၄ ဦးခန့်သည် ဖေဖော်ဝါရီလ ၉ ‌ရက်နေ့ည ၇ နာရီအချိန်ခန့်က ရောက်ရှိလာပြီး ခေတ္တလိုက်ခဲ့ဟုဆိုကာ ရဲကားများဖြစ်ခေါ်ဆောင်သွားရာမှ အိမ်သို့ပြန်မလာဘဲ ထောင်သို့ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဒါရှီလဆိုင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် ၀န်ကြီးချုပ်ကိုယ်စား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာန အဖွဲ့အစည်းများနှင့် လက်အောက်ခံရုံးဌာန အသီးသီးမှ သက်ဆိုင်ရာ အရာရှိ/အရာထမ်းများအားလုံး အစိုးသစ်ဖွဲ့စည်းပြီးသည်အထိ ရုံးပိတ်ရက် သတ်မှတ်ကြောင်း၊ တပ်မတော်မှ ဥပဒေမဲ့ အာဏာသိမ်းခြင်းအပေါ် ရဲ၀င့်စွာဖီဆန်၍ ဆုံးဖြတ်ချက်ပြတ်သားသူ ပြည်သူ့၀န်ထမ်းများအား အလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပါရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here