စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားသည့် မိုးညှင်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်နှင့် မိုးညှင်းခရိုင် ဒီချုပ် ဒုဥက္ကဌ ဦးလှဆောင်တို့ ပြန်လည်လွတ်မြောက်

0
229

ဖေဖော်ဝါရီ ၂၅

အာဏာသိမ်း စစ်ကောင်စီမှ ဖေဖော်ဝါရီ(၁)ရက်နေ့က ထိန်းသိမ်းခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော် နှင့် မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးလှဆောင်တို့အား ယနေ့ဖေဖော်ဝါရီ(၂၅) ရက် နေ့လယ် တစ်နာရီခွဲ အချိန်တွင်(၆၀၃ ) အမြောက်တပ် မှ ပြန်လည်လွှတ်​ပေးခဲ့သဖြင့် နေအိမ်အသီးသီးကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဦးမျိုးမျိုးကျော်၏ ဇနီးဖြစ်သူထံမှ သိရသည်။

ဦးမျိုးကျော်ကျော်

၎င်းတို့ နှစ်ဦးအား ဖေဖော်ဝါရီ(၁)ရက်နေ့မှ ဖေဖော်ဝါရီ ၂၅ရက်နေ့အထိ ရက်ပေါင်း (၂၅)ရက်ကြာ ထိန်းသိမ်းခဲ့ရာမှ ယနေ့တွင် ပြန်လွှတ်ပေးခဲ့သဖြင့် စိတ်အေးချမ်းရာရပြီဖြစ်‌ကြောင်း ဦးမျိုးမျိုးကျော်ရဲ့ဇနီးမှ ဆိုသည်။

တပ်မတော် အာဏာသိမ်းသည့်နေ့မှ စတင်ပြီး မိုးညှင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးနှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဝန်းရံသူ စုစုပေါင်း (၁၉)ယောက်ကိုထိန်းသိမ်းခဲ့ပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးမျိုးမျိုးကျော်နှင့် ဦးလှဆောင်အား ရက်ပေါင်း ၂၅ရက် အကြာ ထိန်းသိမ်းထားခဲ့ရာမှ ယနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here