ဖားကန့်တွင် သပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်း၊ ကျည်အစစ်ထိမှန်မှုကြောင့် တစ်ဦးအရေးပေါ်အခြေရှိနေ

0
110

ဖားကန့်၊မတ် (၃)

ဖားကန့်မြို့၌ သပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့မှ (၂) ကြမ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူ (၁၀) ဦးခန့်နှင့် အသက်အန္တရာယ်စိုးရိမ်ရသူ တစ်ဦး အရေးပေါ်အခြေနေရှိနေကြောင်း သိရသည်။

ဖားကန့်မြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ ၊ ရော်ဘာကျည်များ ၊ ကျည်အစစ်များဖြင့် (၂) ကြိမ် အကြမ်းဖက်ဖြိုခွင်းရာ ဖမ်းဆီးခံရသူ (၅) ဦးနှင့် ဒဏ်ရာရသူ (၁၀) ခန့်ရှိပြီး ကျည်အစစ်မှန်သဖြင့် အသက်အန္တရာယ်စိုးရိမ်နေရသူ တစ်ဦးရှိကြောင်း သိရသည်။

သပိတ်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဖားကန့်မြို့လယ်လမ်း အထက (၁) ကျောင်းနှင့် ကမ္ဘောဇဘဏ်အနီးအကြား လမ်းမတွင် ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး (၂) ကြိမ်တိုင်တိုင် အကြမ်းဖက်ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း သိရသည် ။

ရဲတပ်ဖွဲ့၏ ကျည်အစစ်ဖြင့် ပစ်ခတ်မှုကြောင့် ဆွတ်အောင်ကျေးရွာမှ ကိုဒီဇင်သက်နောင်စိုးသည် လက်မောင်းတွင် တစ်ချက်မှန် ၊ ရင်ဘက်၌ ထိုးချင်းဖောက် တစ်ချက်မှန် သောကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အဆုတ်နှင့် နီးစပ်သည့်အတွက်ကြောင့် အသက်အန္တရာယ်စိုးရိမ် ရသဖြင့် မြစ်ကြီးနားသို့ လွဲပြောင်းခဲ့သည်။

ဓာတ်ပုံ- စစ်ကိုနိုင်ထွန်း

LEAVE A REPLY

Please enter your comment!
Please enter your name here