Trending Now
ကချင်ပြည်နယ်သတင်း
တနိုင်းမြို့နယ်၊ ပိန္နက်ကျေးရွာအတွင်း အသက်အရွယ် နှစ်ပိုင်းခွဲပြီး လူဦးရေစာရင်း ကောက်ယူနေ
မတ်၊၂၈
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ပိန္နက်ကျေးရွာအတွင်း အသက်အရွယ် နှစ်ပိုင်းခွဲပြီး လူဦးရေစာရင်း ကောက်ယူတာတွေ ရှိတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။
မနေ့ မတ်လ ၂၇ ရက်နေ့မနက်က မြို့နယ်ပညာရေးရုံးက ညွှန်ကြားချက်နဲ့ဆိုပြီး အသက် ၁၈ နှစ်ကနေ ၄၆ နှစ်ကြားက အမျိုးသား/သမီးစာရင်းနဲ့ လေးနှစ်ကနေ ၈ နှစ်အရွယ် ကလေးတွေရဲ့ စာရင်းကို ကောက်ယူသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စာရင်းကောက်ခံမှုနဲ့ ပတ်သက်ပြီး အကြောင်းအရင်းကို မသိရှိရတဲ့အတွက် စိုးရိမ်မိတယ်လို့ ဒေသခံက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
"အမျိုးသား/သမီး ကျား...
စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး မြစ်ကြီးနားမြို့အထွက် အကျဲကျေးရွာက နေအိမ်တစ်လုံးမီးလောင်
မတ်၊၂၈
မြစ်ကြီးနားမြို့ ၊အကျဲကျေးရွာအထွက် ဖရောကျေးရွာသွားတဲ့လမ်းဘက်မှာ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပစ်လိုက်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ်တစ်လုံး မီးလောင်သွားတယ်လို့ သိရပါတယ်။
အထက်ပါကျေးရွာဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ပြန်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ်တစ်လုံး မီးလောင်သွားခဲ့တာလို့ အကျဲဒေသခံတစ်ဦးက ပြောပါတယ်။
"အဖွားကြီးတစ်ယောက်နေတဲ့အိမ် ဟုတ်တယ်။ သူဘယ်သွားလိုက်သလဲတော့ မသိဘူး။ သူမရှိတဲ့အချိန် နေ့လယ် ၁၁ နာရီကျော်လောက်မှာ ဖြစ်သွာ...