Trending Now
ကချင်ပြည်နယ်သတင်း
ကာမိုင်းမြို့တွင် စစ်ကိုင်းဘက်မှ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများမှ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးရေးတင်းကြပ်နေ
မေ၊၃၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ စစ်ကိုင်းဘက်ကနေ တပ်ပြောင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကနေ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အခုပြောင်းလာသူတွေဟာ စစ်ကိုင်းတိုင်းဘက်က တပ်မ (၃၃) တပ်သားတွေ ဖြစ်ပြီး လက်ရှိ ကာမိုင်းမြို့တွင်းနဲ့ မြို့ပြင်ဘက် လမ်းဆုံတွေမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
စစ်ဆေးတဲ့နေရာတွေမှာ အင်အား(၂၀)လောက် စောင့်ကြပ်ကြပြီး ကားတွေကို စစ်ဆေးတာအပြင် သေနတ်ပါ/မပါနဲ့ ဖုန်း စတာတွေကို စစ်ဆေးနေကြ...
စာသင်ကျောင်းအနီး ဖွင့်လှစ်ထားသည့် မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်က လောင်းကစားဝိုင်းအား ပိတ်သိမ်းစေလို
မေ၊၂၉
ကျောင်းဖွင့်ကာလ ရောက်ပြီဖြစ်တာကြောင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်က စာသင်ကျောင်းရှေ့မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို ပိတ်သိမ်းစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကာစီနို၊ ငါးမန်းဂိမ်းနဲ့ ဖိုက်ကျူးတွေပါဝင်တဲ့ လောင်းကစားဝိုင်းကို ဖိုးချစ်ကုန်းရပ်ကွက် မူလတန်းစာသင်ကျောင်းရှေ့မှာ ဖွင့်လှစ်ထားပြီး လူအဝင်အထွက် များနေတာကြောင့် ကလေးတွေအတွက် စိုးရိမ်မှုတွေ ရှိနေတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
"ရန်တွေဘာတွေ သူတို့အဲဒီမှာ ဖြစ်တာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာနိုင်တ...