Trending Now
ကချင်ပြည်နယ်သတင်း
ဝိုင်းမော်-ဆဒုံးလမ်းပေါ်တွင် KIA တပ်သားပုံစံ ဦးထုပ်များ ဝတ်ဆင်ပြီး လမ်းသွားလမ်းလာပြည်သူများအား တားဆီးစစ်ဆေးနေဟုဆို
စက်တင်ဘာ၊၃၀
ကချင်ပြည်နယ်၊ ဝိုင်းမော်-ဆဒုံးသွားလမ်းပေါ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သားပုံစံ ဦးထုပ်တွေဝတ်ဆင်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးပြီးတော့ ပိုက်ဆံတောင်းတာတွေ အခုရက်ပိုင်း လုပ်ဆောင်နေကြတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာ ပျံ့နှံ့နေပါတယ်။
အဲဒီ စစ်သားတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးထုပ် ဆောင်းထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဖုန်းစစ်တာတွေ၊ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေပါ လုပ်ဆောင်နေတာ ဖြစ်ပြီး ပြည်သူ့စစ် စစ်သားတွေကနေ အယောင်ဆောင်ပြီးတော့ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ဆဒုံးဒေသခံပြည်သူတစ်ဦးက မ...
ဖားကန့်တွင် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
စက်တင်ဘာ၊ ၂၉
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က ရေခဲချောင်းရောင်းတဲ့ အမျိုးသားတစ်ဦးကို အမည်မသိလူတစ်စုက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအမျိုးသားဟာ ကထန်ကျေးရွာမှာ ရေခဲချောင်းရောင်းနေတဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်၊
“ဘယ်သူတွေလဲမသိဘူး သေနတ်နဲ့ ပစ်သတ်သွားတယ်။”လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။
ရေခဲချောင်းရောင်းတဲ့အမျိုးသားဟာ စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်တယ်လို့ ဆိုပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။
က...