ဒုတိယအကြိမ်ကျင်းပသည့် ကချင်လူထုဆွေးနွေးပွဲတွင် မူဝါဒ နှစ်ခု အတည်ပြုဆုံးဖြတ်နိုင်ခဲ့

3816
Nban La

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၅

ဒုတိယအကြိမ်မြောက် ကချင်အမျိုးသားရေး မူဝါဒဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၈ ရက် မှ ၁၃ ရက်အထိ လိုင်ဇာမြို့ရှိ မနောကွင်း ခန်းမဆောင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်တွင်းပြည်ပမှ ကချင်လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ စုစုပေါင်း အယောက်၅၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ကချင်မြေယာမူဝါဒနှင့် ကချင်သဘာဝသယံဇာတဆိုင်ရာ မ၀ါဒနှစ်ခုကို အတည်ပြုဆုံးဖြတ်နိုင်ခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးအယ်လ်လအောင်က ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွင် ပိတ်ဆို့ခက်ခဲစေသော အကြောင်းအရာများ၊ စစ်ရှောင်ပြည်သူများနှင့်  ပတ်သက်၍ ကချင်လူထု၏ အမြင်သဘောထားများကို စုစည်းခဲ့ကြသည်ဟု လူထုတွေ့ဆုံဆွေးနွေးပွဲ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 ” ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုတော့စုစည်းတယ်။ အတည်တော့ မပြုနိုင်ခဲ့ကြဘူး။ တပ်မတော်တစ်ခုတည်းဖြစ်ရေး နောက်တစ်ချက်က ခွဲမထွက်ရေး စတဲ့ခက်ခဲတဲ့အရာတွေကိုလည်း ဆွေးနွေးကြပါတယ် လူထုရဲ့ဆွေးနွေးမှုတွေလည်း ရပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ထုတ်ပြန်ကြေညာတာတော့မရှိဘူး၊ ပြန်ပြီး စိစစ်ရဦးမယ်  “ ဟု တရားလွှတ်တော်ရှေ့နေ ဦးအယ်လ်လအောင်က ပြောသည်။

ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ၎င်းင်းတို့က လက်ရှိ ငြိမ်းချမ်းရေးလမ်းစဉ်အခက်အခဲတွင် လူထု၏ သဘောထားများ လိုလားနေကြောင်း ပြောဆိုခဲ့ကြသည်ဟုလည်း ၎င်းင်းက ဖြည့်စွက်ပြောပြခဲ့သည်။

 “ကအိုင်အိုကလည်း ငြိမ်းချမ်းရေးမှာ အခက်အခဲရှိတယ်လို့ပြောတယ်။ အဓိက ကတော့ လူထုရဲ့အသံကိုပိုပြီးတော့ လိုချင်တဲ့သဘောရှိပါတယ်။ ကေအိုင်အို ကတော့ တစ်ဆို့နေတဲ့ ဟာတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ၊  အမှန်ကတော့ ခေါင်းခဲနေတာပေါ့။၂၀၀၈ မှာလည်း တပ်မတော် မူ ၆ ချက်ကလည်း ဘယ်လိုမှရှေ့ဆက်တိုးလို့ မရဘူး။ အဲ့လိုပိတ်ထားတဲ့အခါကျတော့ ငြိမ်းချမ်းရေးတော့ အရမ်းလိုချင်တယ်၊ ဒါပေမယ့် အခက်အခဲတွေကို ဘယ်    လိုကျော်လွှားလို့ရ  မလဲဆိုတာကို သူတို့က လူ ထုတွေဆီ ကပိုပြီးတော့ တောင်းခံချင်တဲ့သဘော ရှိပါတယ် “ဟု    ဦးအယ်လအောင်က ပြောဆိုသည်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ယခုကဲ့သို့ အနယ်နယ်အရပ်မှ ပြည်သူများ တွေ့ဆုံဆွေးနွေးခဲ့သည့်အတွက် အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်းနှင့် ကေအိုင်အိုအဖွဲ့မှလည်း ၎င်းင်းတို့၏လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး လူထုကိုချပြခြင်း၊ လူထု၏ သဘောထားများရရှိခြင်း၊ အချင်းချင်း မျက်နှာချင်းဆိုင်တွေ့ဆုံကာ တင်ပြ၊ ဆွေးနွေးခြင်းဟူသည့် အလားအလာကောင်းများကို တွေ့ရှိခဲ့ကြောင်း ဦးအယ်လအောင်က သုံးသပ်ပြောဆိုသည်။

 ” ဒီလို ဆွေးနွေးပွဲကနေမှ အကျိုးအမြတ်ကအများကြီးရတယ်လို့ မြင်တယ်။ ကေအိုင်အိုဆိုတာကလည်း လူထုရဲ့အကျိုးအတွက်လုပ်နေတဲ့ လူတွေပဲလေ၊ သူတို့ချည်းပဲ စဉ်းစားနေလို့မရဘူး။ လူထုကို ချပြရမယ့် တာဝန်ရှိတယ်        ဆိုတော့ အရပ်ပေါင်းစုံကနေ အခုလို လာရောက်ခဲ့ခြင်းဟာ အခက်အခဲကို လူထုရဲ့ ပခုံးမှာတင်ပေးတဲ့ သဘောပဲ၊ အားလုံးဝိုင်းစဉ်းစားသင့်တယ်။ ဒီပြဿနာတွေကို အဖွဲ့အစည်းတစ်ခုကပဲ စဉ်းစားတာမဟုတ်ဘဲနဲ့ ကချင်လူထုအားလုံး ဆိုတာထက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသက လူအားလုံးရဲ့ အကျိုးအတွက် အားလုံးက ၀ိုင်း စဉ်းစားသင့်တယ်ဆိုတဲ့ဟာကို အဖြေရတယ်။ နယ်ပေါင်းစုံက ကိုယ်စားလှယ်တွေ ရောက်လာတော့ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ အားတော့   ရကြတာပေါ့ဗျာ။ ဒီလို စည်းစည်းလုံးလုံး ၀ိုင်းဖြေရှင်းမယ်ဆိုရင် ပြည်နယ်ရဲ့ အခက်အခဲတွေ ပြေလည်လာ  နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတော့ ရလာခဲ့တာပေါ့ ” ဟု ၎င်းင်းကပြောသည်။

ထို့အပြင် ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွင်အခြားတိုင်းရင်းသား    ညီနောင်များနှင့်အတူပူးပေါင်းသွားကြရန်လည်းသဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

တတိယအကြိမ် ကချင်အမျိုးသားရေးမူဝါဒဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲကို နောက် ၆ လ အကြာတွင် ထပ်မံကျင်း    ပနိုင်ရန် စီစဉ်သွားမည်ဟုလည်း သိရသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here