အာဏာသိမ်းပြီးနောက် အသက်မပြည့်တဲ့ကလေးငယ် ၆၀၀ ကျော်သေဆုံး။
ဖေဖော်ဝါရီ၊၁၃ (ကလေးများနေ့)
ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ ကလေးများနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ ၃ နှစ်လောက် အတွင်းမှာတော့ အသက်မပြည့်သေးတဲ့ ၁၈ အောက် ကလေးသူငယ် ၆၀၀ လောက် သေဆုံးခဲ့ရပြီးပါပြီ။
ဒီစာရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းဖြစ်ပြီး ၆၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရ...
ညီညွတ်ခြင်းမှသည် ဖက်ဒရယ်ပြည်ထောင်စု
ညီညွတ်ခြင်းမှသည် ဖက်ဒရယ်ပြည်ထောင်စု
----------------------------------------
မြတ်သွေးထက်
ကျွန်ုပ်တို့အားလုံး ညီညွတ်ကြဖို့လိုသည်။ ယင်းညီညွတ်မှုသည် စစ်အာဏာရှင်အုပ်စုကို ဖြုတ်ချကြရုံ သက်သက် ညီညွတ်ခြင်းမျိုးမဟုတ်။ ကမ္ဘာတည်သ၍ ညီညွတ်ကြခြင်းမျိုး ဖြစ်သင့်သည်။
မြန်မာနိုင်ငံသားများ အပေါ် ထားရှိသည့် နိုင်ငံတကာမူဝါဒများကို ဤနွေဦးတော်လှန်ရေးတွင် နိုင်ငံသားအားလုံး မျက်မြင်ထင်ရှား တွေ့မြင်ခဲ့ကြပြီ ဖြစ...
အာဆီယံက မြန်မာလူထုအတွက် အားကိုးစရာလား
(ဆောင်းပါး)
------------
မြန်မာပြည်သူတွေရဲ့အာဏာကို စစ်တပ်က သိမ်းပိုက်လိုက်တာ အခုဆို ၃ နှစ်ပြည့်ပါပြီ။ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ မြန်မာပြည်သူတွေဟာ စစ်တပ်ကို နိုင်တဲ့အားနဲ့ ခုခံတော်လှန်နေခဲ့ကြတာ ကမ္ဘာအသိပါပဲ။
တွန်းလှန်ခုခံနေချိန် တစ်လျောက်လုံးမှာလည်း ကူညီပေးနိုင်မယ့် နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ပြည်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။ ဒီလိုမျှော်လင့်ခဲ့တဲ့ အထဲမှာ အာဆီယံလည်း ပါဝင်ပါတ...
နှစ်သစ်ကို စခန်းသိမ်းတိုက်ပွဲတွေနဲ့ အစပြုနေတဲ့ KIA
စစ်ကောင်စီတပ်ကနေ အာဏာသိမ်း ၃ နှစ်အထိ ရှိလာပေမဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ အကြား တိုက်ပွဲတွေတော့ ရပ်တန့်သွားတာမျိုး မရှိသေးဘဲ ၂၀၂၄ ခုနှစ် စတင်တဲ့အချိန်မှာပဲ KIA ဘက်က စခန်းသိမ်းတိုက်ပွဲတွေ ပိုမိုဆင်နွှဲလာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း KIA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားပေါင်း ၅၆၃ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်း ကြီး/ငယ်ပေါင်း ၂၃ ခု သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ...
ကြောက်လန့်စိတ်တွေကြား ရှင်သန်နေရတဲ့ မုန်လိုင်ခက် စစ်ရှောင်ကလေးတွေ
ကြောက်လန့်စိတ်တွေကြား ရှင်သန်နေရတဲ့ မုန်လိုင်ခက် စစ်ရှောင်ကလေးတွေ
(အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများနေ့ ဆောင်းပါး)
မိုင်းနီရေးသားသည်။
သွက်သွက်လက်လက်ရှိတဲ့ အဆွတ်တစ်ယောက် အရင်ကနဲ့ မတူတော့ဘဲ အမြဲတမ်းလိုလို ကြောက်လန့်နေတတ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပေါင်း ၃၀ ကျော်လောက်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးနောက်ပိုင်း အသံတစ်ခုခုကြားတာနဲ့ အဆွတ်ဟာ တုန်လှုပ်နေလေ့ရှိတယ်လို့ သူ့ရဲ့မိဘတွေက ပြောပါတယ်။
အသက် ၂ နှစ...