ရွှေတူးဖော်မှု၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဒေသခံနှင့်ကလေးငယ်များ ဝမ်းဗိုက်ဆိုင်ရာပြဿနာများ ခံစားလာရ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရေခန်းခြောက်လာတဲ့အပြင် သန့်ရှင်းတဲ့ရေမရရှိတာကြောင့် ဒေသခံတွေနဲ့ ကလေးသူငယ်တွေ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာအမျိုးမျိုးကို ခံစားနေကြရပါတယ်။
အိမ်ထောင်စု ၇၀၀ ခန့်ရှိပြီး လူဦးရေ ၂,၅၀၀ လောက်ရှိတဲ့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက ညောင်ပင်ကျေးရွာမှာ ကလေးသူငယ်တွေဟာ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းပ...
အာဏာသိမ်းပြီးနောက် လည်ပတ်မှုနည်းပါးခဲ့သည့် ပူတာအိုမြို့ဒေသတွင် ခရီးသွားများ ပြန်လည်ဝင်ရောက်
မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံးက သဘာဝတောတောင်ရေမြေ သာယာလှပပြီး သယံဇာတပေါကြွယ်ဝပြီး ရေခဲတောင်တွေနဲ့ ဝန်းရံထားတဲ့ ပူတာအိုဒေသဟာ ပြည်တွင်းပြည်ပက လာရောက်လည်ပတ်လိုသူတွေ များပြားလေ့ရှိပါတယ်။
ရေခဲတောင်တက်ကာလဖြစ်တဲ့ နိုဝင်ဘာလကနေ မေလအထိ ပူတာအိုဒေသဟာ အလည်အပတ်လာရောက်သူတွေနဲ့ နေ့စဉ်စည်ကားလို့နေပြီး ဒေသခံတွေအတွက် ဝင်ငွေကောင်းတဲ့ အချိန်အခါတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေ...
မလုံခြုံမှုတွေကြားက လုံခြုံအောင် တည်ဆောက်ခဲ့တဲ့ ဒုတိယအိမ်ငယ်
နန်းမျိုးမြတ်နှင်း ရေးသားသည်။
အသက် (၄၀) ကျော်ရှိပြီဖြစ်တဲ့ ဦးနိုင်လင်းကတော့ သူ့မိသားစု လုံလုံခြုံခြုံ နေထိုင်နိုင်ဖို့အရေး စုထားတဲ့ပိုက်ဆံ အနည်းငယ်နဲ့ သွပ်မိုး၊ ပျဉ်ခင်၊ ပျဉ်ကာ နေအိမ်လုံး တစ်လုံး တည်ဆောက်နေပါတယ်။
သူနေတဲ့ ရွာကနေ (၂) ပတ်လောက် တိမ်းရှောင်နေခဲ့ရာကနေ ရွာအတွင်းပြန်ပြီး နေအိမ်ဆောက်လုပ်နေတာပါ။
“ကျွန်တော်နဲ့အပါအဝင် နှစ်အိမ်ပဲ ဆောက်နိုင်သေးတယ်။ ကျန်တဲ့ဟာတွေက မဆောက်နိုင်သေးဘူး။” လို့ ...
ထမ်းစင်အသုံးပြု ဆေးကုသနေရတဲ့ မြန်မာပြည်မြောက်ဖျားပိုင်း ရေခဲတောင်ဒေသက ဘဝများ
မိုင်းနီ-ရေးသားသည်
ဖျားနာသူတွေကို မြို့နယ် ပြည်သူ့ဆေးရုံထိရောက်အောင် ဝါးနဲ့ရက်ထားတဲ့ထမ်းစင်၊ ပုဆိုးကိုဝါးလုံးထိုးပြီး ထမ်းတဲ့ထမ်းစင်၊ ကလေးပိုးပုခက်အကြီးရဲ့ အစနှစ်ဖက်ကို နိုင်လွန်ကြိုးချည်နှောင်ပြီး ဝါးလုံးထိုး အသုံးပြုတဲ့ ထမ်းစင်တွေနဲ့ ရှေ့(၂) ယောက် နောက်( ၂) ယောက် ထမ်းပြီးတော့ ပို့ဆောင်ခရီးဆက်ရပါတယ်။
“ အရေးကြီးလူနာတွေကျတော့ ထမ်းစင်နဲ့ထမ်းပြီးတော့မှ ပို့ကြတယ်။” လို့ ခေါင်လန်ဖူးမြို့မှာ နေထို...
မလုံခြုံမှုနဲ့ အဆင်မပြေမှုတွေကြားက နေရပ်ဒေသကို မဖြစ်မနေ ပြန်ရတော့မယ့် မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်များ
နန်းမျိုးမြတ်နှင်း ရေးသားသည်
မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေကို မတ်လအတွင်းမှာအပြီး ဖျက်သိမ်းလိုက်မှာဖြစ်တဲ့အတွက် တချို့စစ်ရှောင်တွေဟာ လွန်ခဲ့တဲ့အပတ်လောက်ကတည်းက မိမိရပ်ရွာတွေဆီကို ပစ္စည်းတွေ စတင်ပြောင်းရွှေ့နေကြပါတယ်။
စစ်ကောင်စီရဲ့ ပြန်လည်နေရာချထားရေးမှာ နေမယ့်သူ၊ မိမိအစီစဉ်နဲ့ နေမယ့်သူ၊ မိမိနေရပ်ဒေသကို ပြန်မယ့်သူဆိုပြီး ခေါင်းစဉ် (၃) ခုခွဲပြီးတော့ စခန်းတွေကနေ ထွက်ခွာရမှာ ဖြစ်...