အမည်မသိကူးစက်ရောဂါတစ်မျိုးကြောင့် ဝါရာဇွပ်ကျေးရွာက ကျွဲ၊ နွား အကောင်ရေ ၂၀၀ လောက် သေဆုံး

14
ဝါရာဇွပ်ကျေးရွာ-ကျွဲနွားသေဆုံး

 

ဇွန်၊၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်‌ကျေးရွာအတွင်းက ကျွဲ၊ နွားတွေမှာ အမည်မသိ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားနေပြီး ဒေသခံတွေ တစ်နိုင်တစ်ပိုင် မွေးမြူထားတဲ့ ကျွဲ၊ နွား အကောင်ရေ ၂၀၀ ဝန်းကျင်လောက် သေဆုံးသွားပြီလို့ သိရပါတယ်။

ဒေသခံပြည်သူတွေဟာ စစ်ရေးအခြေအနေတွေကြောင့် တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေချိန် ရွာအတွင်း ကျန်ခဲ့တဲ့ ကျွဲ၊ နွားတွေမှာ မေလလောက်ကနေစပြီး အခုလို ကူးစက်ရောဂါတွေ ဖြစ်ပွားလာတာလို့ သိရတာပါ။

ကျွဲ၊ နွား အကြီး/အသေး မရွေး ကူးစက်ရောဂါဖြစ်ပွားနေပြီး လည်ချောင်းနာလိုမျိုး ဖြစ်ပေါ်တဲ့နောက် အမောဆို့သလိုဖြစ်ပြီး သေဆုံးသွားကြတာလို့ ဝါရာဇွပ်ဒေသခံနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

အကြီး၊ အသေး အကုန်ဖြစ်နေတယ်။ ဖြစ်ရင်က မလွတ်ဘူး၊ အကုန်သေတယ်။ သိပ်မလှုပ်ရှားတော့တဲ့ နောက် ရေရှာကြတယ်။ ပြီးတော့ ခဏလောက်ကြာရင် သေပြီ။ တစ်ခြားလက္ခဏာတော့ မတွေ့မိဘူး။ လည်ချောင်းနာလား။ လေဖြတ်တာလားတော့ မသိဘူး။“လို့ ပြောပါတယ်။

အိမ်ခြေ ၃၈၀ ကျော်ရှိတဲ့ ဝါရာဇွပ်ဒေသခံပြည်သူတွေ တစ်နိုင်တစ်ပိုင် မွေးမြူထားတဲ့ ကျွဲ၊ နွားတွေ စုစုပေါင်း အကောင်ရေ ထောင်ဂဏာန်းလောက်ရှိရာကနေ လက်ရှိဖြစ်ပွားနေတဲ့ အမည်မသိ ကူးစက်ရောဂါတစ်မျိုးကြောင့် တစ်လကျော်အတွင်း ကျွဲ၊ နွားအကောင်ရေ ၂၀၀ ဝန်းကျင်လောက် သေဆုံးသွားပြီလို့လည်း ဆိုပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် မတ်လဆန်းပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဝါရာဇွပ်ဒေသခံပြည်သူတွေဟာ နှစ်လနီးပါး ကြာမြင့်လာတဲ့နောက်ပိုင်း လက်ရှိ စစ်ရေးအခြေအနေ တည်ငြိမ်နေတဲ့ကာလအတွင်း အိမ်ခြေ ၃၀ လောက် နေရပ်ပြန်လည်နေထိုင်နေပြီကြပြီလို့ သိရှိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here