ဖတ်မာကျေးရွာတွင် ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီ ပစ်သတ်
ဖေဖော်ဝါရီ၊၁၆
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာတွင် ဆိုင်ကယ် စီးလာသည့် ဇနီးမောင်နှံနှစ်ဦးကို ယမန်နေ့ည(၈)နာရီ၀န်းကျင်က စစ်ကောင်စီတပ်သားများ လိုက်လံပစ်ခတ်ခဲ့သောကြောင့် ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းဇနီးမောင်နှံနှစ်ဦးသည် ဖတ်မာရွာတွင် ခြံခတ်ရန်အတွက် သွားရောက်ရာ စစ်ဖြစ်လာသောကြောင့် ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ပြုလုပ်ခဲ့တဲ့အချိန် စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
"သူတို့က...
မြစ်ကြီးနားမြို့၊ ဆယ်မိုင်ကျေးရွာတွင် လုယက်မှု ဖြစ်ပွား
ဧပြီ-၁၀
မြစ်ကြီးနာမြို့၊ ဆယ်မိုင်ကျေးရွာတွင်နေထိုင်သည့် ကိုဘရန်မိုင်ကို ယနေ့ဧပြီလ (၁၀) ရက်နေ့ ညနေ (၂ )နာရီအချိန်က ဂျော်ဘွမ်အနောက်ဘက်လမ်းသို့ သွားချိန် အမည်မသိသူနှစ်ယောက်မှ ဆိုင်ကယ်လုပြီး ဓါးဖြင့်ခုတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
ကိုဘရန်မိုင်သည် ဓားဖြင့် ခုတ်ဖြတ် လုယက်ခံရခြင်းကြောင့် ဦးခေါင်း၊ နောက်ကျောနှင့် ခြေသလုံးတို့တွင် ဒဏ်ရာရရှိခဲ့ပြီး စီးနင်းလာသည့်...
ဖားကန့်တွင် မြေစာပြိုမှုကြောင့် (၁) ဦးသေ (၂) ဦး ဒါဏ်ရာရ
နိုဝင်ဘာ -၂၀
ဖားကန့်မြို့နယ် လုံးခင်းကျေးအုပ်စု မလောင်ကျေးရွာအနီး ယနေ့မွန်းလွဲ (၂)နာရီ အချိန်က မြေစာပုံဟောင်းပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြိုကျခဲ့သည့် မြေစာပုံဟောင်းသည် သိရောမဏိ ကျောက်စိမ်တူးဖော်ရေးကုမ္မဏီ၏ မြေစာပုံဟောင်းဖြစ်ပြီး အဆိုပါမြေစာပုံတွင် ရွှေနှင့်ကျောက်မျောတိုက်ရင်း မြေစာပြိုကျခဲ့ခြင်းကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း မလောင်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
သေဆုံးသူသည် (၂၅)နှစ် အရွယ်ရှိ...
ကျော်မြန်မာရွှေဆိုင် ဓားပြတိုက်ခံရသည့်အမှု (၂)နှစ်ခန့်ရှိပြီ ဖြစ်သောကြောင့် အမှုမှန်ပေါ်ပေါက်စေလို
ဇူလိုင် ၁၀
မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကျော်မြန်မာရွှေဆိုင် ဓားပြတိုက်ခံရခြင်း သည် (၂)နှစ်ခန့် ကြာပြီဖြစ်သောကြောင့် ယခုအချိန်တွင် အမှုမှန်ပေါ်ပေါက်စေလိုပြီ ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ဦးကျော်ထွန်းက ပြောသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပြီး (၅)လခန့်အကြာအထိ ရဲနှင့်တာဝန်ရှိသူများက ဆိုင်ပိုင်ရှင်နှင့်ပူးပေါင်းပြီး လိုက်ပါဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ဆိုင်ပိုင်ရှင်နှင့် တာဝန်ရှိသူများနှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ...
ဝိုင်းမော်မြို့နယ်တွင် ရေပိုက်ကိစ္စအချင်းများရာမှ နှစ်လောင်းပြိုင်လူသတ်မှု သေဒဏ်ကျခံရနိုင်သည့် ပုဒ်မများဖြင့် စွဲချက်တင်ထား
မေလ
ဝိုင်းမော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုမှာ သေဒဏ်ကျခံရနိုင်သောအမှုဖြင့် တိုင်တန်းထားကြောင်း တရားလိုဘက်မှအမှုကို လိုက်ပါ ဆောင်ရွက်မေးနေသည့် အထက်တန်းရှေ့နေ ဦးလွင်ထူးကိုက ပြောသည်။
လွန်ခဲသည့် မေလ ၇ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၅) လမ်းမပေါ် သွယ်တန်းထားသည့် ရေပိုက်ကိစ္စနှင့်ပတ်သက်ပြီးအိမ်နီးနားချင်း မိသားစုနှစ်စု အချင်းများရာမှ ဖြစ်ပွားခဲ့သော ယင်းအမှုတွင် ကျူးလွန်သူများအနေဖြင့် ပုဒ်မ၃၀၂(ခ)အရ...