ဖားကန့်တွင် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

96

 

စက်တင်ဘာ၊ ၂၉

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က ရေခဲချောင်းရောင်းတဲ့ အမျိုးသားတစ်ဦးကို အမည်မသိလူတစ်စုက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသားဟာ ကထန်ကျေးရွာမှာ ရေခဲချောင်းရောင်းနေတဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်၊

“ဘယ်သူတွေလဲမသိဘူး သေနတ်နဲ့ ပစ်သတ်သွားတယ်။”လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

ရေခဲချောင်းရောင်းတဲ့အမျိုးသားဟာ စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်တယ်လို့ ဆိုပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ကထန်ကျေးရွာမှာ ရေခဲချောင်းရောင်းတဲ့အမျိုးသားတစ်ဦးကို အမည်မသိလူတစ်စုက ပစ်သတ်ထားတယ်လို့လည်း နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း မှော်စီစာကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ အမည်မသိအမျိုးသားတစ်ဦး ရိုက်နှိက်ထားတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here