ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ စတင်

2504
lutt daw kachin state

မြစ်ကြီးနား၊ မေ ၂၄

ကချင်ပြည်နယ်လွှတ်တော်၏ ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် စတင်ကျင်းပလျက်ရှိပါသည်။

lut daw kachhin state

ကချင်ပြည်နယ်လွှတ်တော်မှ ထုတ်ပြန်ချက်အရ အစည်းအဝေးကို အစီအစဉ် ၁၂ ရပ်ဖြင့် ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။

ယင်းအစီအစဉ်များထဲတွင် –

(က) ဖားကန့်မြို့နယ်မဲဆန္ဒနယ်(၂) မှ ဦးလဆိုင်း၏ ဖားကန့်ဒေသလမ်းတံ
တားများနှင့်ပတ်သက်သော မေးခွန်း၊

(ခ) ဖားကန့်မြို့နယ်မဲဆန္ဒနယ်(၂) မှ ဦးလဆိုင်း၏ ဖားကန့်မြို့နယ် မော်တော်ယာဉ်ကြီးကြပ်ရေးကော် မတီ(ယကတ) အသစ်ပြန်လည်ဖွဲ့ စည်းရန်အစီအစဉ်ရှိ/မရှိ မေးခွန်း၊

(ဂ) နောင်မွန်မြို့နယ်မဲဆန္ဒနယ်(၁)မှ ဦးချန်တန်ခင်၏ နောင်မွန်ဒေသရောက် ၀န်ထမ်းများအတွက် စု ပေါင်းဝန်ထမ်းအိမ်ရာတည်ဆောက်ပေးရန် အစီအစဉ်ရှိ-မရှိ မေးခွန်း

(ဃ) မချမ်းဘောမြို့နယ် မဲဆန္ဒနယ် (၁)မှ ဦးရားဝမ်ဂျုံ၏ ရွာချင်းဆက်လမ်းနှင့်ပတ်သက်သည့် မေး ခွန်း၊

(င) ဗန်းမော်မြို့နယ်မဲဆန္ဒနယ်(၁)မှ ဦးအောင်သင်း(ခ) ဦးဇော်သင်း၏ နမ်ဆန်ယန်-လဂျားယန်လမ်း ပိုင်းပြုပြင်ပေးရန်အစီအစဉ်ရှိ-မရှိမေးခွန်း၊

(စ) ဖားကန့်မြို့နယ်မဲဆန္ဒနယ်(၂)မှ ဦးလဆိုင်း၏ ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်မျက်ရတနာ တွင်းဝခွန်ကောက်ခံရေးအဖွဲ့တွင် ဒေသခံများဖြင့် ရွေးချယ်၍ ကော်မတီတစ်ရပ်ဖွဲ့စည်းရန်အစီအစဉ်ရှိ-မရှိ၊

(ဆ) မံစီမြို့နယ်မဲဆန္ဒနယ်(၁)မှ ဦးမင်းမင်း၏ စီခမ်းကြီးကျေးရွာ အလယ်တန်းကျောင်း ကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန်အစီအစဉ်နှင့် ပတ်သက်သည့်မေးခွန်း၊

(ဇ) မိုးညှင်းမြို့နယ်မဲဆန္ဒနယ်(၂)မှ ဦးကျော်ကျော်ဝင်း၏ ဟိုပင်၊ မြသီတာ အထက်တန်းကျောင်းတွင် ဆောက်လုပ်ထားသည့် ဟောလ်ခန်းဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန်အစီအစဉ်နှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မိုးကောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မြသွေးစံ၏ ” မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျှက် ရှိသော သက်ငယ်မုဒိမ်းမှုများလျော့ကျစေရန် ကြီးလေးသော ပြစ်ဒဏ်ဖြစ်သော သေဒဏ်ချမှတ်ပေးနိုင်ရေးနှင့် ပညာပေးမှုအစီအစဉ်များဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်း ကြောင်း” အဆိုတို့ပါဝင်ပြီး ပြည်နယ်အစိုးရ၏ ၂၀၁၈-၁၉ ဘဏ္ဍနှစ် ရသုံးမှန်းချေငွေစာရင်းအကြောင်းများလည်း ပါဝင်သည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here