နယ်ပယ်အသီးသီးတွင် အောင်မြင်အောင် စွမ်းဆောင်သည့် လော်ဝေါ်မျိုးနွယ်စု ၄ ဦးကို ဂုဏ်ပြုကြိုဆို

1789
လော်ဝေါ်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ

ဝိုင်းမော်၊ ဇူလိုင် ၂၈

ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံပြင်ပတွင် အောင်မြင်မှုများရအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် လော်ဝေါ် မျိုးနွယ်စုမှ ၄ ဦးကို လော်ဝေါ်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ဂုဏ်ပြုခြင်းအစီအစဉ်တစ်ရပ်ကို ယနေ့နံက်က ဝိုင်းမော်မြို့တွင် ကျင်းပခဲ့သည်။

ယခုနှစ် မတ်လအတွင်းက ဝိုင်းမော်လော်ဝေါ် ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရွေးချယ်သည့် အလှနတ်သမီးဆုရှင်၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Mister & Miss International Teen of the year 2018, Winner ဆုရရှိခဲ့သူ အလှမယ် လဒွမ်လွမ်းနော၊ Little Asia Pacific 2018, တွင် Second Runner Up ဆုရခဲ့သည့် Mister လယောက်လွန်းဒိုင်၊ လော်ဝေါ်တိုင်းရင်းသားများ၏ ဆင်းသက်နေထိုင်လာသော ရိုးရာဓလေ့ထုံးတမ်းများကို ပြုစုနေသူ ဒါရိုက်တာ Z . ခမ်းစိန်၊ Myanmar Beauty Paradise Organization CEO & Founder ဒါရိုက်တာ လယောက်လွန်းဒေါင်တို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Mister & Miss International Teen of the year 2018, Winner ဆုရရှိခဲ့သူ အလှမယ် လဒွမ်လွမ်းနော
Mister & Miss International Teen of the year 2018, Winner ဆုရရှိခဲ့သူ အလှမယ် လဒွမ်လွမ်းနော
Myanmar Beauty Paradise Organization CEO & Founder ဒါရိုက်တာ လယောက်လွန်းဒေါင်
Myanmar Beauty Paradise Organization CEO & Founder ဒါရိုက်တာ လယောက်လွန်းဒေါင်
Little Asia Pacific 2018, တွင် Second Runner Up ဆုရခဲ့သည့် Mister လယောက်လွန်းဒိုင်
Little Asia Pacific 2018, တွင် Second Runner Up ဆုရခဲ့သည့် Mister လယောက်လွန်းဒိုင်
 Z . ခမ်းစိန်
Z . ခမ်းစိန်

“လူမှုထူးချွန်ဆုလို့ သတ်မှတ်ရင်လည်းရတယ်။ ဒါကအဘက်ဘက်ကနေကြည့်ပြီးမှ ရွေးချယ်တင်မြှော က်ထားတဲ့ပွဲဖြစ်တယ်။ ဒါက လော်ဝေါ်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ လူမှုထူးချွန်ဆုလည်း ဖြစ်ပါတယ်။” ဟု လော်ဝေါ်တိုင်းရင်းသား ဒါရိုက်တာ Z.ခမ်းစိန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ဝိုင်းမော်မြို့ရှိ လော်ဝေါ် စာပေနှင့် ယဉ်ကျေးမှုဗိမာန်တွင် ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ဝိုင်းမော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ(ခ) ဇခေါင် ခမ်းရယ် လည်း တက်ရောက်ခဲ့ပြီး လော်ဝေါ်တိုင်းရင်းသားအနုပညာရှင်များအနေဖြင့် ကိုယ့်အမျိုးနွယ်ကို လူအများသိအောင် စွမ်းဆောင်နိုင်ခဲ့၍ ချီးမြှင့်ခြင်းဖြစ်သည်ဟု အမှာစကားပြောကြားရာတွင် လော်ဝေါ်ဘာသာစကားဖြင့် ပြောကြားခဲ့ကြောင်းသိရ သည်။

” အရင်ကတည်းက ကျွန်တော်တို့လော်ဝေါ်တိုင်းရင်းသားအနုပညာရှင်တွေရှိခဲ့ပေမယ့် ဒီလိုဂုဏ်ပြုပွဲ တွေ မလုပ်နိုင်ခဲ့ဘူး။ နောက်ပြီးတော့ နိုင်ငံတကာအထိ ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေလည်း မရှိသေးပါ ဘူး။” ဟု ဦးနော်လီက ပြောသည်။

ဆိုင်း ( ကချင်မြေ )

LEAVE A REPLY

Please enter your comment!
Please enter your name here