ဖားကန့်၊မတ်-၁၄
ယနေ့ မတ်လ(၁၄)ရက်နေ့ ဖားကန့်မြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခဲ့ရာ အမျိုးသားတစ်ဦး၏ ရင်ဘတ်သို့ ကျည်ဆံထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဆိုင်းတောင် ရပ်ကွက် (၄) နေ အသက် (၃၀) အရွယ် ကိုကျော်လင်းထိုက်ဆိုသူ ဖြစ်ပြီး ဖားကန့်တွင် ပထမဦးဆုံးအကြိမ် သေဆုံးခြင်းဖြစ်ကာ ထိမှန်သည့်ကျည်မှာ ကျည်အစစ်ဖြစ်ကြောင်းလည်း သိရသည်။
စစ်ကိုနိုင်ထွန်း







