မိုးကောင်းမြို့နယ်၊ လွယ်လီချောင်းတွင် တိုက်ပွဲဖြစ်ပွား

587

ဧပြီ၊၁

မိုးကောင်းမြို့နယ် ဒွမ်ဘုံးခအောက် မရန်ကထောင်ဂိတ်အထက် လွယ်လီချောင်းတွင် KIA တပ်မဟာ (၂) တပ်ရင်း (၁၁)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့ ဧပြီလ (၁) ရက်နေ့ နံနက် (၁၁) နာရီခန့်မှ ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

ဟူးကောင်းလီဒိုလမ်းဘက်တွင် စစ်ကောင်စီ စစ်အင်အား တိုးချဲ့လာသည့် စစ်ကြောင်းကို KIA တပ်ရင်း (၁၁) က ပစ်ခတ်တိုက်ခိုက်ကာ နှစ်ဖက်တပ်မှ (၂)နာရီခန့် ပစ်ခတ်တိုက်ခိုက်ပြီး ပြင်းထန်သည့် တိုက်ပွဲ ဖြစ်‌ပွားနေခြင်းဖြစ်သည်။

၎င်းလွယ်လီချောင်းသည် မိုးကောင်း၊ နမ္မတီးနှင့် မြစ်ကြီးနားမှ ပြည်သူများက ခြံလုပ်နေသည့်နေရာဖြစ်ကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here