အောင်မြင်သာက အပန်းဖြေစခန်းတွေ ပြန်ဖွင့်ပြီ

1142

ဇူလိုင် ၁၄
အောင်မြင်သာ စံပြကျေးရွာအနီးပတ်ဝန်းကျင်တွင်ရှိသည့် အပန်းဖြေစခန်းများကို ဇူလိုင်လ(၁၃) ရက်နေ့စတင်ပြီး တရားဝင် ပြန်လည်ဖွင့်လှစ်ခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပန်းဖြေစခန်းက ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရန်အတွက် ဒေသခံမှ ၎င်းတို့၏အခက်အခဲများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဇူလိုင်လ (၂) ရက်နေ့တွင် အသနားခံစာ တင်ပြခဲ့ကြကြောင်း အောင်မြင်သာစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာကပြောသည်။

ထိုသို့ စာတင်ထားခဲ့ရာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိကြောင်းကိုနှုတ်ဖြင့် ပြန်လည် အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဦးနော်ဂျာကပြောသည်။

“ကျွန်တော်တို့ စာတင်ထားတဲ့ဟာ တရားဝင်စာနဲ့တော့ အကြောင်းမပြန်ဘူး။ ဒါပေမဲ့ နှုတ်စကားအနေနဲ့တော့ ကျွန်တော်တို့ ပြန်ဖွင့်လို့ရပြီဆိုတဲ့ နှုတ်စကားပဲရတယ်”ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းများ၊ ရပ်ရွာအတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် လူစည်ကားသည့် အပန်းဖြေစခန်းများကို မတ်လအတွင်းမှ စတင်ပြီး သွားလာခွင့်များကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here