ကချင်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ ဆက်လက်ကျင်းပ

1346
lut daw kachhin state

မြစ်ကြီးနား၊ မေ ၂၅

ကချင်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ ဆက်လက်ကျင်းပခဲ့ရာ မိုးညှင်း၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ မိုးမောက်၊ ဗန်းမော်၊ နောင်မွန်မြို့နယ်များမှ လွှတ်တော်ကိုယ် စားလှယ်တို့က ကြယ်ပွင့်ပြမေးခွန်း ရှစ်ခုမေးမြန်းခဲ့ပြီး သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ ကြသည်။

– မိုးညှင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက အင်းတော် ကြီးဒေသ ရွှေမဉ္ဇူဘုရား – လုံးကောက် – နန့်ဖောင်းစင် ကျေးရွာချင်းဆက်လမ်းကို လာမည့်ဘဏ္ဍာ နှစ်တွင် ကျောက်ချောလမ်းအဖြစ်ဆောင် ရွက်ပေးမည့်အစီအစဉ်၊
– ဆွမ်ပရာဘွမ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဒွဲက မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပေါ်မှ ဇနန် တံတားကို ဆက်လက်အပြီးသတ်ဆောင်ရွက်မည့်အစီအစဉ်၊
– မချမ်းဘော(၂)မှ ဦးဆွမ်ဒူနော်အောင်က မချမ်းဘော – ဘင်ခူးလမ်းပေါ်မှ အင်ဘူးခချောင်းကူး တံ တားကို လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန်အစီအစဉ် –
– ခေါင်လန်ဖူး(၂)မှ ဦးအားခီဆာက ပြည်နယ်အစိုးရအနေဖြင့် စီမံချက်ချမှတ်ကာ ပူတာအိုခရိုင်တွင် ယာဉ်မောင်းလိုင်စင် ဆောင်ရွက်ပေးရန်အစီအစဉ် –
– မိုးမောက်(၁)မှ ဦးနေ၀င်းက ဗန်းမော် – မြစ်ကြီးနားလမ်းပေါ်ရှိ ကျခမ်းဒပ်ရွာအလွန် မိုင်တိုင် ၃၇၉/၄ ၀န်းကျင်တွင် လမ်းကျဉ်းမြောင်းခြင်း၊ အတက်အဆင်းမမြင်တွေ့ရခြင်းတို့ကြောင့် ယာဉ်မ တော်တဆမှုများ မကြာခဏဖြစ်ပွားနေ၍ လမ်းချဲ့ပေးရန်အစီအစဉ်
– ဗန်းမော်(၁)မှ ဦးအောင်သင်း(ခ) ဦးဇော်သင်းက ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအုပ်စု နန့်ခုတ် ရွာအနောက်ဘက်တွင် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွက်သည့် အီမောဘွမ်ကုမ္ပဏီက စာချုပ်ပါစည်းကမ်းများကို မလိုက်နာဘဲ မြေစာများစွန့်ပစ်ခဲ့ပြီး ပြန်ဖို့မထားမှုကြောင့် သဘာဝ ပတ် ၀န်းကျင်ထိခိုက်ပျက်စီးနေ၍ မည်သို့အရေးယူဆောင်သွားမည်ဆိုသည့် အစီအစဉ် –
– နောင်မွန်(၁)မှ ဦးချန်တန်ခင်က နယ်စပ်ဒေသရှိ တိုင်းရင်းသားဘွဲ့ရလူငယ်များ အလုပ်အကိုင်ရရှိ ရေးနှင့်ပတ်သက်၍ ၎င်းတို့နေထိုင်ရာမြို့များ၌ လစ်လပ်ဌာနများတွင် ခန့််ထားပေးရန်အစီအစဉ်၊ နောင်မွန်မြို့ နယ်တွင် အောက်ခြေအမှုထမ်း လစ်လပ်မှု မည်မျှရှိကြောင်း၊ လစ်လပ်နေရာရှိပါက ဒေသခံဘွဲ့ရ၊ ဆယ်တန်းအောင်များကို အထူးကိစ္စရပ်အဖြစ် ခန့်အပ်နိုင်ခြင်းရှိ-မရှိ အစီအစဉ်-
– မိုးညှင်း(၂)မှ ဦးကျော်ကျော်ဝင်းက ဟိုပင်၊ မြသီတာ အထက်တန်းကျောင်းရှိ သက်တမ်းရင့် ပင်မ ကျောင်းဆောင်ကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် အသစ်ဆောက်လုပ်ပေးရန်အစီအစဉ် တို့ကို မေးမြ န်းခဲ့ကြသည်။

လွှတ်တော်အစည်းအဝေးဒုတိယနေ့က မိုးကောင်း(၂) လွှတ်တော်ကိုယ်စားလှယ်တင်သွင်းသော သက် ငယ်မုဒိမ်းမှုလျော့ကျရန် ကြီးလေးသော ပြစ်ဒဏ်ပေးနိုင်ရေးအဆိုကို အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ် နှစ်ဦးက ထောက်ခံဆွေးနွေးကာ လွှတ်တော်က ပြည်ထောင်စုအစိုးရသို့ဆက်လက်တင်သွင်းရန် ယင်းအဆိုကို အတည်ပြုခဲ့ကြသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here