ကချင်ပြည်နယ်အဆင့် မသန်စွမ်းဥက္ကဋ္ဌရွေးချယ်ရန် ရွေးကောက်ပွဲဝင်ပြိုင်မည့်သူများ လျောက်ထားနိုင်ပြီ

1149

မတ် ၁၂
ကချင်ပြည်နယ်အဆင့် မသန်စွမ်းဥက္ကဋ္ဌ ရွေးချယ်ရန်အတွက် ပြည်နယ်အတွင်းရှိ မသန်စွမ်းများအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ရန် သက်ဆိုင်ရာခရိုင်အတွင်းရှိ မသန်စွမ်းရုံးခွဲများနှင့် လူမှုဝန်ထမ်းရုံးများတွင် လျှောက်လွှာဖောင်များ ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မသန်စွမ်းအမျိုးအစား ၄ မျိုးဖြစ်သည့် အမြင်အာရုံ ချို့ယွင်းသူ၊ အကြားအာရုံ ချို့ယွင်းသူ၊ ကိုယ်အင်္ဂါ ချို့ယွင်းသူနှင့် ဉာဏ်ရည်ချို့ယွင်းသူ စသည့် မသန်စွမ်းများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရပ်ကွက်/ ကျေးရွာထောက်ခံစာ(သို့မဟုတ်) အိမ်ထောင်စုမိတ္တူ၊ လိုင်စဉ်ဓာတ်ပုံ ၃ ပုံတို့နှင့်အတူ လျှောက်လွှာပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

“လေဖြတ်တဲ့သူနဲ့ ဉာဏ်ရည်မမှီတဲ့ သူတွေကတော့ သူတို့ရဲ့ကိုယ်စား မိဘ၊ ညီအကိုမောင်နှမတွေ ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ပါတယ်။ အမျိုးအစားအလိုက် ရွေးချယ်ခန့်သွားမှာ ဖြစ်တယ်။ လျှောက်လွှာကိုတော့ ဘယ်မှာဖြစ်ဖြစ် ယူလို့ရတယ်။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ ခရိုင်ကိုထည့်ရမှာဖြစ်တယ်”ဟု ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းဥက္ကဋ္ဌ ဦးဂျီးဇုန်းဆောင်ကပြောပါသည်။

မသန်စွမ်းရုံးခွဲများဖြစ်သည့် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် ဦးအောင်ဖြူဇင် ဖုန်း ၀၉၄၂၄၆၆၉၉၉၀၊ မိုးညှင်းခရိုင်၊ မနော မသန်စွမ်းများအဖွဲ့ ဥက္ကဋ္ဌ ဖုန်း ၀၉၆၈၃၄၆၅၅၄၀၊ ဖားကန့်ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဖုန်း ၀၉၇၈၈၅၆၇၈၇၁ နှင့် မြစ်ကြီးနားခရိုင်၊ ကချင်ပြည်နယ် ကိုယ်အင်္ဂမသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးဂျီဇုန်းဆောင် ၀၉၄၄၃၃၆၅၀၇၅ တို့တွင် ဆက်သွယ်ရယူကာ ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ရွေးကောက်ပွဲကို မတ်လ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည့်အတွက် လျှောက်လွှာများကို ရန်ကုန် မသန်စွမ်းသူများအသင်းရုံးချုပ်သို့ မတ်လ ၂၀ ရက်တွင် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည့်အတွက် ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဋ္ဌထံ မတ်လ ၁၃ ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။

အကယ်၍ မတ် ၁၃ ရက်တွင် ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဋ္ဌထံ ပေးပို့နိုင်ခြင်း မရှိပါက လျှောက်လွှာပုံစံတွင်ပါရှိသည့် ရန်ကုန်မသန်စွမ်းအသင်း ရုံးချုပ်လိပ်စာအတိုင်း အမြန်ချောပို့မှတစ်ဆင့် ပေးပို့နိုင်ကြောင်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here