ကားမိုင်း-လဝါး လမ်းဆုံဂိတ် တိုက်ပွဲအပြီး ဒေသခံအမျိုးသားတစ်ဦး မိုင်းထိသေဆုံး

481

ဖေဖော်ဝါရီ၊၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကားးမိုင်း-လဝါး လမ်းဆုံဂိတ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့တိုက်ပွဲကြောင့် ကားမိုင်းမှ ဒေသခံ အမျိုးသားတစ်ဦး ‌မိုင်းထိသေဆုံးပြီး (၄)ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကားမိုင်းဒေသခံတစ်ဦးကပြောသည်။

” သူအဖေက အိမ်သာတက်နေတာ။ အိမ်သာမှာကို မှိုင်းပစ်ထည့်ပေးပြီး အပြင်ကနေ သေနတ်နဲ့ ပစ်ပေး လို့ အဲ့ဒီမှာပဲ ဆုံးသွားတယ်။ကလေးတွေကျတော့ အိမ်ထဲမှာပုန်းနေတာပေါ့။ မိုင်းစကြောင့် နည်းနည်းထိသွားတယ် ”ဟု ကာမိုင်းဒေသခံ တစ်ဦးကပြောသည်။

ယင်း သေဆုံးသူသည် ကားမိုင်းဂိတ်တွင် ဗျုဟာမှူးအား ကားဖြင့် ကြို /ပို့ လုပ်ပေးနေသူဖြစ်ပြီး ရပ်ကွက်တွင်ဒလန်ဟု နာမည်ထွက်နေသူဖြစ်ကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိအခြေအနေတွင် ထိခိုက်ဒဏ်ရာရသော ကလေး (၄)ယောက်မှာ ကြီးကြီးမားမား စိုးရိမ်စရာမလိုကြောင်းလည်း သိရသည်။

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နှင့်စစ်ကောင်စီတို့ ကာမိုင်း- လဝါးလမ်းဆုံတွင်ယနေ့မနက် (၇)နာရီချိန်မှစပြီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်ရှိအချိန်တွင် အပြန်အလှန်ပစ်ခတ်မှု မရှိတော့ပေ။

တိုက်ပွဲဖြစ်ပွားသည့် တပ်များမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)အောက်၊ တပ်ရင်း(၄၅)တို့ ဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here