ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံသို့ အမြန်ရောက်ရှိရန် မီဒီယာကဏ္ဍ အလွန်အရေးကြီးကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်ပြော

929
ဒေါက်တာခက်အောင်

စက်တင်ဘာ ၂၃

ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံသို့ အမြန်ရောက်ရှိရန် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် မီဒီယာကဏ္ဍသည် အလွန်အရေးကြီးကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က မနောင်ကွင်းတွင် ပြုလုပ်ခဲ့သည့် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံတွင် ပြောကြားခဲ့သည်။

“အခုကစစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်သေးတာ အပြင်ဘက်ကိုပဲ ကြည့်နေသေးတာ တချို့ကဒီမိုကရေစီရပြီလို့ထင်တဲ့လူလည်း ရှိတယ်။ အဲတော့ ဒီဟာကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံကြီးဖြစ်ဖို့ မီဒီယာကဏ္ဍက အလွန်အရေးကြီးတယ်”ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လူမှုရေး ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးမှအစ အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် နောက်ကျနေသေးသည့်နိုင်ငံ၊ ပြည်တွင်းစစ် မငြိမ်းသေးသည့် နိုင်ငံတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာကဏ္ဍသည် အလွန်အရေးကြီးကြောင်း ဝန်ကြီးချုပ်က ပြောသည်။ အဆိုပါ အစီအစဉ်ကို စက်တင်ဘာ လ ၁၆ရက်နေ့မှ ၁၈ ရက်နေ့အထိ ကချင်ပြည်နယ် မနောင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစီအစဉ်ကို တိုင်းနှင့်ပြည်နယ်မှ တိုင်းရင်းသားမီဒီယာများနှင့် သတင်းစာဆရာအများစုက တက်ရောက် ဆွေးနွေးခဲ့ကြသည်။၂၀၀၈ အခြေခံဥပဒေတွင် မဏ္ဍိုင် (၃)ခုသာ ရှိကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က သြဂုတ်လ ၂၃ ရက်နေ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကြီးမှူးကျင်းပသည့်မန္တလေးတိုင်း မဏ္ဍိုင်(၄)ရပ် တွေ့ဆုံပွဲတွင် VOM မီဒီယာထံ ပြောကြားခဲ့သည်။

“အခြေခံ ဥပဒေမှာ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုပြင်ရေးမဏ္ဍိုင်လို့(၃)ရပ်ပဲ ရှိတယ်။ နိုင်ငံတကာသတင်းထောက်တွေက သတ်မှတ်တာ စတုတ္ထမဏ္ဍိုင်ဆိုတာက”ဟု မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီးသတင်းမီဒီယာများ အနေဖြင့် စတုတ္ထမဏ္ဍိုင်ဖြစ်ပြီလားဆိုသည်ကို စဉ်းစားရန်လိုသည်ဟုလည်း ၎င်းက ဆိုခဲ့သည်။
Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here