စည်ပင်သာယာပိုင်စျေးနှင့် ကျေးလက်စျေးများကို နံနက်ပိုင်း တွင်သာ ဖွင့်လှစ်တော့မည်

702

ဧပြီ ၁၄

စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအပြင် ကျေးလက်စျေး၊ ကုန်စိမ်း၊ သားငါးစျေးများကို နံနက်ပိုင်း သာ ဖွင့်လှစ်ရောင်းချရန် ယနေ့ ဧပြီ ၁၄ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

စည်ပင်သာယာစျေး၊ ကျေးလက်စျေး၊ ကုန်စိမ်း၊ သားငါးစျေးများကို နံနက် (၅)နာရီမှ နေ့လည် (၁၂)နာရီအချိန်အထိ ကျန်မာရေး အသိအမြင်ဖြင့် နေရာချထားဖွင့်လှစ်စေရန်၊ စျေးရောင်း၊စျေးဝယ်သူများအားလုံး နှာခေါင်းစည်း တပ်ဆင်ပြီး ဖွင့်လှစ်ရောင်းဝယ်ကျရန် နှင့် ညနေခင်းစျေးများအား လုံးဝ(လုံးဝ) ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားသည်။

စည်ပင်သာယာစျေးနှင့် ကျေးလက်စျေးများကို နံနက် ၅နာရီမှ ၁၀နာရီထိ ညနေ ၄နာရီမှ ၆နာရီထိ ဖွင့်လှစ်ရန် မတ်လ ၃၀ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသော်လည်း ယခုချိန်တွင် Covid 19ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထပ်မံပြောင်းလဲ လိုက်ရခြင်း ဖြစ်ကြောင်း ​မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က မြစ်ကြီးနားသတင်းၐျာနယ်သို့ ပြောသည်။

“လူတွေက ထွက်လွန်းအားကြီးလို့ အပြင်မှာနေအားကြီးလို့ လူတွေကို ထိန်းချုပ်တာပါပဲ”ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

အဆိုပါ ထုတ်ပြန်စာတွင် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအားလုံး အရေးကြီးအကြောင်း ကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာမှု မရှိစေရေး၊ မဖြစ်မနေ ထွက်ခွာမည်ဆိုပါက mask တပ်ဆင်ပြီးမှသာ သွားရောက်စေရေး အသိပေးနှိုးဆော်ရန်၊ ရပ်ကွက်၊ကျေးရွာများတွင် သူစိမ်းဧည့်သည် ဝင်ရောက်ပါက သက်ဆိုင်ရာကို ချက်ချင်းသတင်းပို့ရန်၊ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထုတ်ပြန်ထားရှိသော ဥပဒေများကို ပြည်သာများမှ လိုက်နာဆောင်ရွက်မှာရှိစေရန် စသည့် အချက်များ ပါဝင်သည်။

ထုတ်ပြန်ကြေညာထားသည့် အချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟုလည်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here