ဆန္ဒပြပြည်သူများဘက်မှ မားမားမတ်မတ် ပြန်လည်ရပ်တည်ပေးသွားမည်ဟု PCGပြေ

748

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ပြီး ပြည်သူဆန္ဒထုတ်ဖော်သည့်အစီစဉ်များ၌ တပ်မတော်နှင့် ပြည်သူကြားရပ်တည်ကာ ပြောဆို ဖြေရှင်းပေးသည့် အစီအစဉ်ကို ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) အနေဖြင့် ပြန်လည်ဆက်လက်လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက PCG မှ ပါဝင်သည်များကို အပြစ်တင် ရှုမြင်သည်များ ဖြစ်ပေါ်လာသည်အတွက်ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ပြီး အများပြည်သူဆန္ဒထုတ်ဖော်သည့် အစီစဉ်များ၌ PCG မှ ကြားမှာ ရပ်တည်ပြောကြားပေးခြင်းမျိုး ပြုလုပ်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ထားခဲ့သော်လည်း ပြည်သူအများစု၏ ပြန်လည်တောင်းဆိုမှုကြောင့် ပြည်လည်ရပ်တည်ပေးသွားမည်ဟု PCGမှ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာ ကပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ပြီး PCG မှ အများပြည်သူဆန္ဒထုတ်ဖော်သည့်အစီစဉ်များ၌ တပ်မတော်နှင့် ပြည်သူကြား ရပ်တည်ကာ ဆန္ဒပြပြည်သူများ ဖမ်းဆီးခံရခြင်း ၊ တားဆီးပိတ်ခြင်းများကို ညှိနှိုင်း ဖြေရှင်းပေးသည့် အစီအစဉ်များကို လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here