မြစ်ကြီးနား၊ မေ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့၏ ပထမဦးဆုံးသော Dai Zuk အမည်ရ အဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲကို ယနေ့ မေလ ၁၈နေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
အဆိုပါ အဆင့်မြင့်ရုပ်ရှင်ရုံသည် ထွယ်ဆန်ယန်၊ နမ္မဖြစ်အုပ်စု၊ ဖားကန့်မြို့၌ တည်ဆောက်ထားပြီး ၎င်းတွင် ထိုင်ခုံပေါင်း (၃၉၀)ရှိ၍ လူဦးရေ (၄၀၂)နှစ်ယောက် ဆံ့ကြောင်း သိရသည်။
ဖားကန့်မြို့ရှိ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း လျှော့နည်းလာစေရန်၊ ကချင်စီးပွားရေးလုပ်ငန်းရှင်များမှပထမဦးဆုံး အနုပညာနှင့် ပတ်သက်သော လုပ်ငန်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလှမ်းများ ပိုမို ရရှိစေရန် ရည်ရည်ရွယ် အဆိုပါရုပ်ရှင်ရုံကို ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း Dai Zuk အဆင့်မြင့်ရုပ်ရှင်ရုံမှ အထွေထွေမန်နေဂျာ မုန်အောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။
‘ ဖားကန့်ဆိုတာက အဓိက ကတော့ စီးပွားရှာတဲ့ နယ်မြေဟုတ်တယ်။ လူငယ်တွေတော်တော်များများ မူးယစ်ကျေးကျွန်မှာ ကျရှုံးနေတယ်၊ ပျောက်ဆုံးနေတယ်။ ဘာကြောင့်လဲဆိုရင် အပန်းဖြေမယ့်နေရာ မရှိလို့’ ဟု ၎င်းကပြောသည်။
လာရာက်ကြည့်ရှုသော အနုပညာချစ်ပရိသတ်များ အနေဖြင့် ၎င်းတွင် Coffee Barပါရှိသောကြောင့် နိုင်ငံတကာ အဆင့်မီ ကော်ဖီအမျိုးမျိုးကို ရရှိနိုင်သည့်အပြင် ထိုင်း၊ တရုတ် အစားအစာများနှင့် အချိုရည်မျိုးစုံတို့ကိုပါ ရရှိနိုင်ကြောင်း သိရသည်။
Dai Zuk အဆင့်မြင့်ရုပ်ရှင်ရုံသည် တစ်ခြားမြို့ကြီးများနှင့် နည်းတူ အချိန်နှင့်တပြေးညီ ရုပ်ရှင်ဇာတ်ကားကြီးများကို တစ်နေ့လျှင် ပုံမှန် သုံးကြိမ်ပြသ သွားမည်ဖြစ်ပြီး လက်မှတ်များကို သုံးထောင်ကျပ်မှ တစ်သောင်းငါးထောင်အထိ အစားစား သတ်မှတ်ထားကြောင်းလည်း သိရသည်။
အဆိုပါ ဖွင့်ပွဲ၌ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ လူမင်းဇနီးမောင်နှံ၊ ကချင်အနုပညာရှင်များ အသင်းချုပ်မှ ဥက္ကဌ ဦး လထော်ဇော်ဒိန်၊ ဒါရိုက်တာ Jz ဒေါင်လွဏ်း၊ နိုင်ငံကျော် တေးသံရှင် မရန်ဆိုင်းနော်နှင့် ကချင်အနုပညာရှင် အမြောက်အများ တက်ရောက်ခဲ့ကြသည်။
Benadeth