မတ်(၁၃)
ဖားကန့်ဆန္ဒပြ ပြည်သူများအား ဖြိုခွင်းနေစဉ် Live လွှင့်သည်ဟုဆိုကာ ဖမ်းဆီးခြင်းခံလိုက်ရသည့် အမျိုးသမီးနှစ်ဦးပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
“ကျွန်မတို့ နှစ်ယောက်က ဒီတိုင်းဆိုင်ကယ်စီးပြီး ဖြတ်လာတာ။ အဲ့မှာ သူတို့ကို လက်ညိုးထိုးပြီး ဆဲတယ်ဆိုပြီးတော့ ဖမ်းခေါ်သွားတာ။ ခုတော့လွတ်လာပြီ” ဟု ဖမ်းဆီးခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆန္ဒပြရာတွင် ပါ၀င်ခြင်း မရှိသဖြင့် ခံ၀န်ကတိနှင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်းသိရသည်။
“ဆန္ဒပြတဲ့ထဲ မပါတော့ ခံ၀န်ကတိထိုးပြီး လွတ်လာတာ။ သူတို့က မေးတာပေါ့ ဆဲလား။ ဆန္ဒပြတဲ့ထဲပါလား ဆိုပြီး ဘာအပြစ်မှ မရှိတော့ ခံ၀န်ကတိနဲ့ လွတ်ခဲ့တာ။ ခံ၀န်ကတိထဲမှာတော့ အများကြီးဘဲ လူစုလူဝေးမလုပ်တော့ဘူး စတာတွေပေါ့။ ဖမ်းထားတဲ့အချိန် ရိုက်တာတွေတော့ မရှိဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးအား live လွင့်သည်ဟု ယူဆသောကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။







