မြစ်ကြီးနား မေ ၂၇
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်ဖောက်ကားမှုတိုက်ဖျက်ရေး အထိမ်းအမှတ် အဖြစ် မြစ်ကြီးနားကွန်ပျုတာတက္ကသိုလ်တွင် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသူ ကျောင်းသား ၆၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထိုပြိုင်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်နှင့် ပြည်နယ် / ခရိုင် / မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်အား ပေးခဲ့ကြသည်။
ယခု ပြိုင်ပွဲမှဆုရရှိသည့် ကျောင်းသူကျောင်းသားများသည် ပြည်နယ်အဆင့်ပြိုင်ပွဲ တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဟု သိရသည်။
ဆိုင်း ( ကချင်မြေ )







