အောက်တိုဘာ၊ ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်ကြားက စစ်ကောင်စီရဲ့ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝေ့ စခန်းတွေ ကို TNLA က သိမ်းပိုက်လိုက်တယ်လို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်ပေါ်တက်လာတဲ့ စခန်းသိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုဖိုင်မှာလည်း စစ်ကောင်စီတပ်သားတွေ အများအပြားသေဆုံးနေတာကို တွေ့ရပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပြီး MNDAA က ချင်းရွှေဟော်မြို့ကို သိမ်းပိုက်လိုက်ပြီဆိုပြီးတော့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်းဖို့အတွက် ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ပြီလို့လည်း မြောက်ပိုင်းမဟာမိတ်ညီနောင်များအဖွဲ့က ဒီနေ့ပူးတွဲကြေညာထားပါတယ်။ နောက်ဆက်တွဲ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ ဆက်လက်ဖော်ပြပေးသွားပါမယ်။








