အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများက ပင်စင်လစာထဲမှ ငွေစု၍ အချင်းချင်းပြန်လည်ထောက်ပံ့

1430

မြစ်ကြီးနား နိုဝင်ဘာ ၁၈

မြစ်ကြီးနားမြို့နယ်အငြိမ်းစားပညာရေး ဆရာကြီး၊ ဆရာမကြီးများအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝးကို မြစ်ကြီးနားမြို့      မြို့သစ်ရပ် ကွက်ရှိ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ နေ့လယ်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာမကြီး ဒေါ် ခင်ဝင်းမာက အဖွင့်အမှာစကားပြာကြား ကာ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး အဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဦးတင်အုန်းက အမှာစကားပြောကြားကာ အဖွဲ့အ တွင်းရေးမှူး ဆရာကြီး ဦးကြည်ဌေးက ငွေစာရင်းရှင်းတမ်းများနှင့် အမှုဆောင်အဖွဲ့ကျင်းပခဲ့သည့် အစည်းအ ဝေးတို့မှ ဆွေးနွေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများက ၎င်းတို့၏ပင်စင်လစာငွေများမှ လစဉ်ထည့်ဝင်ထားသည့် တစ်ယော က်တစ်ထောင်ကျပ်အနက်မှ အသင်းဝင်ဆရာ၊ ဆရာမကြီးများကို ထောက်ပံ့သွားနိုင်ရန် အဆိုပါ အခမ်းအနား တွင် အဓိကထား ဆွေးနွေးခဲ့ကြပြီး အဖွဲ့အစည်းအတွက် ရုံးခန်းရရှိရေးနှင့် အထွေထွေလိုအပ်ချက်များကိုလည်း ဆွေးနွေးခဲ့ ကြသည်ဟု ဆရာ ကြီး ဦးတင်အုန်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

“ကျွန်တော်တို့ လစဉ်ကြေးငွေထဲကနေ ရန်ပုံငွေစုဆောင်းပြီး နာမကျန်းတဲ့ဆရာ၊ ဆရာမကြီးတွေကို ထောက်ပံ့ တာပါ။ ဘယ်အဖွဲ့အစည်းကမှ ကျွန်တော်တို့အဖွဲ့ကို ကူညီတာမရှိသေးပါဘူး။”ဟုဆရာကြီးဦးတင်အုန်းကပြော သည်။

ယင်းအဖွဲ့အစည်းသည် အငြိမ်းစားကျောင်းဆရာကြီး၊ ဆရာမကြီးများ၏ အခက်အခဲများကို ကူညီထောက်ပံ့နိုင် ရန် ရည်ရွယ်ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သဖြင့် လတ်တလောတွင် နာရေးကိစ္စများနှင့် ကျန်းမာရေးကိစ္စများအပြင် စားဝတ်နေရေးကိစ္စအ၀၀ကိုလည်း အကူအညီပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ဆရာကြီး ဦးကြည်ဌေးက ပြောသည်။

‘‘အခက်အခဲတွေအားလုံးကို ကူညီထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာပေါ့။ အခုလောလောဆယ် နာရေးဆို တစ်သိန်း၊ ကျန်းမာရေးအရ ဆေးရုံတက်ရမယ်ဆိုရင် ငါးသောင်းထောက်ပံ့ဖို့ရာ ဆုံးဖြတ်ထားတယ်။ ရေရှည်အ တွက် စဉ်းစားထားတာက ကျွန်တော်တို့ဆရာ၊ ဆရာမတွေမှာ စားရေး၊ သောက်ရေး တော်တော်ခက်တာတွေ တွေ့ရတယ်ပေါ့။ ဆိုတော့ … စားဝတ်နေရေးအထိ ထောက်ပံ့သွားဖိုလည်း ရည်ရွယ်ထားပါတယ်။’’ ဟု ဦးကြည် ဌေးက ပြောသည်။

အငြိမ်းစားပညာရေး ဆရာ ဆရာမအဖွဲ့ကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ က အဖွဲ့ဝင် ၇၀ ဖြင့် တရားဝင်မှတ်ပုံတင် လျှောက်ထားခဲ့ရာ အသင်းအဖွဲ့မှတ်ပုံတင်အမှတ်မှာ ၁/မကန- ၀၀၆ ဖြစ်ကြောင်းသိရသည်။

ဒုတိယအကြိမ်မြောက် ကျင်းပသော နှစ်ပတ်လည် အစည်းအဝေးသို့ အဖွဲ့ဝင်ဆရာ၊ ဆရာမကြီးများအားလုံး တက်ရောက်နိုင်ခြင်းမရှိဘဲ အဖွဲ့ဝင် ၂၀ ခန့်တက်ရောက်ခဲ့သည်။

သတင်း/ဓာတ်ပုံ – Ann

LEAVE A REPLY

Please enter your comment!
Please enter your name here