မြစ်ကြီးနား၊ နိုဝင်ဘာ ၁၉
မြစ်ကြီးနားမြို့နယ်၊ အောင်မြင်သာကျေးရွာတွင် ထွယ်ဂင်တောင်အမည်ရ စာကြည့်တိုက်တစ်ခုကို ယနေ့ ဖွင့်လှစ်ခဲ့သည်။
ယင်းစာကြည့်တိုက်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် SPIC တရုတ်ကုမ္ပဏီတု့ိ၏ အကူအညီဖြင့် ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်ကိုကိုဦးက ပြောသည်။
” စာကြည့်တိုက်ကတော့ သူတို့ ကိုယ်ထူကိုယ်ထလုပ်တယ်။ ကျေးရွာကနေ အကောင်အထည်ဖော် တယ်။ ကျွန်တော်တို့ဆီကကျတော့ ဒီမြန်မာနိုင်ငံ စာကြည့်တိုက် Foundation ကနေ ဆယ်သိန်းချပေးတယ်။ ငါးသိန်းကကျတော့ အဆောက်အဦအတွက် ငါးသိန်းက ပရိဘောဂအတွက်ချပေးတယ်။ အဓိက’ကတော့ သူ တို့ကို အသိပညာတိုးပွားလာစေဖို့ပါ။”ဟု ဦးမြတ်ကိုကိုဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
စာကြည့်တိုက်အတွင်း စာအုပ်များကို ဘာသာရပ်ခေါင်းစဉ်အလိုက် စနစ်တကျစီစဉ်ထားကြောင်းနှင့် ထိုစာကြည့်တိုက်တွင် စာအုပ်စာပေအပြင် တီဗီနှင့် အားကစားကွင်းများကိုလည်း ကျေးရွာရှိ ပြည်သူနှင့်ပူးပေါင်း ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဦးမီတုန်နော်ဂျာက ပြောသည်။
” နောက်ကျရင်တော့ တီဗွီတွေထားပေးတာမျိုးတို့ ကလေးတွေအတွက်ဆိုရင်လည်း ကစားမယ့် နေရာ မျိုးတွေ ခြင်းလုံးတို့ ဘော်လီဘောတို့ ကစားနိုင်ဖို့အတွက် နေရာတွေ ဒီဝင်းထဲမှာပဲ လုပ်ပေးမယ်။ အမြဲတမ်း စာဖတ်သူတွေ များများ ဝင်ထွက်သွားလာစေဖို့ ကြိုးစားသွားမယ်။”ဟု ဦးမိတုန်နော်ဂျာက ပြောသည်။
ယင်းစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ၂၀၁၃ ခုနှစ်မှ စတင် အကာင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Ann/ Benadeth







