နေပြည်တော်၊ ဇူလိုင် ၁၄
KIO/KIA ပါဝင်သည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ယနေ့ ညနေ ၃ နာရီက နေပြည်တော်မှ ပြန်လည်ထွက်ခွာခဲ့သည်။
နေပြည်တော်သို့ ရောက်ရှိလာစဉ်က သတင်းမီဒီယာများနှင့် မြောက်ပိုင်းအဖွဲ့တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု ဗိုလ်ချုပ်ဂွန်မော်မှ ပြောကြားခဲ့သော်လည်း သတင်းစာရှင်လင်းပွဲ မပြုလုပ်နိုင်ခဲ့ပေ။
“ကျွန်တော်တို့က အဖွဲ့ခေါင်းဆောင်တွေ ကျန်းမာရေးမကောင်းလို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့အဆင်မပြေဘူး အခုက ၇ ဖွဲ့စလုံးပြန်ပါပြီ နောက်ပြန်လာနိုင်ဖို့ကြိုးစားပါ့မယ်နော် process ကဆက်ပြီရှိမှာပါ ” ဟု KIO/KIA မှ ဗိုလ်ချူပ်ဂွန်မော် က သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ဂွန်မော်က ယနေ့နံနက်ပိုင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နာတွင် သတင်းစာရှင်းလင်းပွဲ နှင့် သီးခြား အမေး၊အဖြေ မပြုလုပ်နိုင်ခဲ့သည်ကို နားလည်းခွင့်လွတ်ပေးရန် မေတ္တာရပ်ခံကြောင်း ရေးသားဖော်ပြခဲ့သည်။











