ပြည်နယ်တွင်းပါတီများ ပေါင်းစည်းရေးအတွက် ကချင်လူမျိုးအပြင် အခြားလူမျိုးများလည်း ပါဝင်စေလိုဟု ဆို

1154
kdp party kachin

မြစ်ကြီးနား၊ မေလ ၂၁

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးဆောင်ရွက်ရာတွင် ကချင်လူမျိုးတစ်ခုတည်းမဟုတ်ဘဲ ကချင်ပြည်နယ်ရှိ  ပြည်နယ်သူ/သား အားလုံးပါဝင်လာရန်လိုအပ်ကြောင်း စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ – ကချင်ပြည်နယ်   (မနောတိုင်ပါတီ) ဥက္ကဋ္ဌ ဦးခက်ထိန်နန်ကပြောသည်။

  “ဒီထက်ပိုပြီး ထပ်ပြီးတခြားပါတီတွေလည်း ပါဝင်နိုင်အောင် ပြည်သူတွေလည်း ပါဝင်လာအောင် ကြိုးစားရဦးမယ်။ ပြီးရင် ကချင်လူမျိုးတစ်မျိုးတည်းအနေနဲ့လည်း မဖြစ်နိုင်ဘူး။ ကိုယ့်ပြည်နယ်သူပြည်နယ်သားတွေလည်း အားလုံးပါဝင်လက်တွဲပြီးတော့မှပဲ အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်မယ်”ဟု ပါတီပေါင်းစည်းရေးတွင်ပါဝင်သူ ဦးခက်ထိန်နန်က ပြောသည်။

ထိုသို့ပူးပေါင်းလုပ်ဆောင်မှသာလျှင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပူးပေါင်းထားသည့် ကချင်နိုင်ငံရေးပါတီများအနေဖြင့် အောင်မြင်မှုအတိုင်းအတာတစ်ခုကို ရရှိမည်ဟု ၎င်းကပြောသည်။

လက်ရှိ ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးတွင် ကချင်ဒီမိုကရက်တစ်ပါတီ(ီုဏ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(ှုီဏ)နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (မနောတိုင်ပါတီ)တို့  သဘောတူညီမှုများရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ကချင်နိုင်ငံရေးပါတီများ ပါတီကြီးတစ်ခုတည်းဖြစ်ရန် မူလပေါင်းစည်းရေးတွင် ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC) ပါတီပါဝင်ခဲ့သော်လည်း ယခုပေါင်းစည်းရေးတွင် ပါဝင်တော့မည်မဟုတ်ကြောင်း သိရသည်။

၎င်းတို့ သုံးပါတီသည် ပါတီတစ်ခုတည်းဖြစ်ရေးအတွက် သဘောတူညီမှုများ ရရှိထားပြီး  ပါတီအသစ် အမည်ကို Kachin State People’s Party (ကချင်ပြည်နယ်ပြည်သူပါတီ)ဟု အမည်ပေးရန်သဘောတူညီထားကြောင်းလည်း ဦးခက်ထိန်နန်က ပြောသည်။

Kachin State People’s Party ၏ လိုဂို၊ အလံကို အနီနှင့်အစိမ်းအလယ်တွင် ကြိဂံပုံထည့်သွင်းထားပြီး ယင်းတြိဂံကို ပြည်သူလူထုအားလုံးလိုလားသည့် ငြိမ်းချမ်းရေးအရောင် အပြာရောင်(မိုးပြာရောင်)ကို ထည့်သွင်းထားသည်ဟု သိရသည်။

ပါတီတရားဝင်ဖြစ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။

ကချင်နိုင်ငံရေးပါတီများပါတီကြီးတစ်ခုတည်းဖြစ်ရန်မူလပေါင်းစည်းရေးတွင် ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC) ပါတီပါဝင်ခဲ့သော်လည်း ယခုပေါင်းစည်းရေးတွင် ပါဝင်တော့မည်မဟုတ်ကြောင်း သိရသည်။

“တစ်ပါတီတည်း ၀ိုင်းဝန်းထူထောင်ဖို့ အဲဒါကိုလုပ်နေကြတယ်။ တော်တော်လေးကို ခရီးရောက်နေပြီ။ ပါတီအသစ်ကတော့ မှတ်ပုံတင်မကျသေးဘူး။ KNC ကမပါတော့ဘူး။ သူတို့က အဆင်သင့်မဖြစ်သေးဘူး။ ပြင်ဆင်မှုတွေအများကြီးလုပ်ရဦးမယ်။ အဆင်သင့်ဖြစ်မှာပါ ကောင်းလာမှာပါ။ သူတို့က ဆွေးနွေးရင်းနဲ့ အလံတို့နာမည်တို့ ရွေးချယ်တဲ့နေရာမှာ စိတ်တိုင်းကျမဖြစ်တော့ မပါသေးဘူးပေါ့။ ဆက်လက်စဉ်းစားသွားဖို့ ရှိတာပေါ့”ဟု ဒေါက်တာတူးဂျာက    ပြောသည်။

KNC ပါတီအနေဖြင့် ပါတီလိုဂို၊ နာမည်အသစ်ဖြင့် ဖွဲ့စည်းရေးနှင့် မိမိတို့ KNC ပါတီသမိုင်းအရ ပါတီဖျက်သိမ်းရန် အခက်အခဲများရှိခြင်းကြောင့် မပါဝင်တော့ခြင်းဖြစ်သည်ဟု ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)ပါတီဥက္ကဋ္ဌ ဒေါက်တာMကောန်လက ပြောသည်။

“သုံးပါတီက ချည်နှောင်ထားတာမရှိတော့ သူတို့ကလွတ်လပ်တယ်။ ကျွန်တော်တို့ကျတော့ အဲ့လို မဟုတ်ဘူး။ ထိန်းသိမ်းရမှာရှိတယ်၊ ကျွန်တော်တို့ KNC က သမိုင်းကိုယူထားတယ်။ အမွေပေါ့။ အဲဒီအမွေကို ဆက်ခံထားတာဖြစ်နေတော့ လက်ရှိပါတီဥက္ကဋ္ဌအနေနဲ့ ဖျက်လို့မရဘူး။ ကျွန်တော့်သဘောဆန္ဒနဲ့ ဖျက်ဦး…ကိုယ်ပိုင်ပါတီမဟုတ်တော့ ဖျက်ခွင့်မရှိဘူး။ အခွင့်အာဏာမရှိဘူး။  အဲ့ဒီတော့ပါတီပေါင်းရင် ပါတီဖျက်ရမယ်ဆိုတော့ ကျွန်တော်တို့ကတော့နည်းနည်း ကန့်သတ်ချက်တွေရှိတယ်”ဟု ဒေါက်တာ Mကောန်လက ရှင်းပြပြောဆိုသည်။

အလားတူ ယခုနှစ်မှ စတင်တည်ထောင်ထားသည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီတစ်ခု ဖြစ်သော         ဒေါ်ဘောက်ဂျာနှင့် ဦးစီစီနော်ဂျာတို့ ဦးဆောင်သည့် ပြည်ထောင်စုတိုင်းရင်းသားများဖယ်ဒရယ် ဒီမိုကရေစီပါတီအနေနှင့်လည်း ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးတွင် ပါဝင်မည်မဟုတ်ဘဲ ပူးပေါင်းလုပ်ဆောင်မှုသာ ပြုလုပ်သွားမည်ဟု ယင်းပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောသည်။

“လုပ်ဆောင်တာချင်းနည်းနည်းကွာဟနေတဲ့အခါကျတော့ ပါတီမှာ ပူးပေါင်းဖို့ခက်ခဲတာပါ။ အဓိက မူဝါ     ဒကြောင့်ပါ။ ကျွန်မတို့ပါတီက အဓိကတောင်သူအရေးနဲ့ လယ်ယာမြေကိစ္စကို အဓိကထားပြီး လုပ်ဆောင်သွား  မယ်”ဟု ဒေါ်ဘောက်ဂျာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ဦးခက်ထိန်နန်က ၎င်းအနေဖြင့် ပါတီပေါင်းစည်းရေးသို့ ပြည်နယ်တွင်းပါတီများ ပါဝင်ရန် လိုလားကြောင်း၊ သို့မှသာပြည်နယ်၏အကျိုးကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ကြောင်း ထပ်မံ ပြောကြားသည်။

   “ဒေသခံပြည်သူတွေက ပါတီတွေအားလုံးပေါင်းစည်းဖို့လိုလားတယ်။ ဒေသခံပါတီတွေများနေရင် ဘယ်သူ့ကို မဲထည့်ရမလဲလည်း မသိဘူး။ ပြည်သူတွေကလည်း ပေါင်းစည်းဖို့ပြောလာတယ်ဆိုတော့ တခြား ပြည်နယ်တွေလည်းပေါင်းစည်းဖို့ အားလုံးလုပ်လာတယ်ဆိုတော့ ကျွန်တော်တို့လည်း ပေါင်းစည်းဖို့ ကြိုးစားလာရတာပေါ့။ ပူးပေါင်းမှဖြစ်မယ်၊ ပိုပြီးတော့ပြည်သူ့အကျိုးကို လုပ်ဆောင်နိုင်မယ်။ တစ်ကွဲတစ်ပြားဖြစ်နေရင်တော့ ဘာမှထိရောက်မှုလည်းမရှိဘဲ အချိန်ကုန်လူပင်ပန်းပဖြစ်မယ်”ဟု ၎င်းက ပြောသည်။

ကချင်နိုင်ငံရေးပါတီများ၏ မူဝါဒအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရေး၊ ပြည်နယ်နှင့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အတန်း၊ ရသင့်ရထိုက်သည့်အခွင့်အရေးနှင့် စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံအားဖြင့် အားလုံးတူညီသည်ဟု သုံးသပ်ကြောင်းလည်း ဦးခက်ထိန်ကပြောသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here