ဒီဇင်ဘာ ၁၀
ဒီဇင်ဘာ ၇ ရက်နေ့က တပ်မတော်ကို အသေရေပျက်စေမှုဖြင့် ကိုဇော်ဂျတ်၊ကိုလွမ်းဇောင်း၊ဒေါ်နန်ပူတို့ ၃ဦးကို မြို့နယ်တရားရုံးမှ ငွေဒဏ်၅သိန်းနင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည့်အပေါ် ကျေနပ်မှုမရှိခြင်းကြောင့် တရားရုံးမှ မနောင်ကွင်းသို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြရာ ထပ်မံ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ လမ်းလျှောက်ဆန္ဒပြရာ၌ ဦးဆောင်သူ ကိုဘရန်မိုင်၊ကိုဆိုင်းခွမ်အောင်၊ မ ဆွတ်ဆိုင်းထွယ်တို့ကို မြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်မိုးက တရားလိုပြုလုပ်ကာအမှုဖွင့် ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၃ ဦးအား ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က မြို့နယ်တရားရုံးက ရုံးချိန်းခေါ်ဆိုခဲ့ပြီး အာမခံရရှိခဲ့သည့်အတွက် နောက်ထပ် ရုံးချိန်းကို ဒီဇင်ဘာ၁၃ရက်နေ့တွင်ထပ်မံချိန်းဆိုထားကြောင်း
သိရသည်။
၎င်းတို့ ၃ ဦးအနက် မဆွတ်ဆိုင်းထွယ်သည် ယခင်ကလည်း ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်တစ်ကြိမ် အမှုဖွင့်ခံခဲ့ရဖူးသူဖြစ်ပြီး ငွေဒဏ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။
Salai







